
ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာ Web Portal ဖြစ်တဲ့ UOL နဲ့ Folha ဝက်ဘ်ဆိုဒ် ၂ခုတို့ဟာ ဟက်ကာတွေ ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ ဟက်ကာတွေက အဆိုပါ website ၂ခုကိုဖွင့်လိုက်တိုုင်းမှာ နာမည်ကြီး Porn Website တွေ ဖြစ်တဲ့ Red Tube , xVideos နဲ့ အခြားသော ညစ်ညမ်း website ဆီသို့ အလိုအလျောက် ရောက်ရှိ အောင် ပြုလုပ်ခဲ့ပါတယ်။ မနက် ၉ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြည့်ရှုသူအများအပြားက သူတို့ ဖုန်းမှာ malware ထိခိုက်နေလို့ အဆိုပါ porn site တွေဆီ ရောက်သွားတာ ထင်ခဲ့ပြီး အမှန်တစ်ကယ်တော့ website တွေ ထားရှိထားတဲ့ ဆာဗာတွေကို ဟက်ကာတွေက ထိန်းချုပ်ပြီး ပြုလုပ်သွားတာ ဖြစ်ပါတယ်။ အဆိုပါ website ၂ခုကို ProtoWave လို့အမည်ရတဲ့ ဟက်ကာအဖွဲ့အစည်းက ပြုလုပ်သွားတာ ဖြစ်ပါတယ်။ Deface Attack လုပ်သွားခြင်းဖြစ်ပြီး ကလစ်ထောက်လိုက်တဲ့အခါ Porn Website တွေဆီ ရောက်ရှိစေတာ ဖြစ်ပါတယ်။