Home News Facebook တွင် Video တင်ဆက်နေသူများအနေဖြင့် ဝင်ငွေရှာနိုင်တော့မည်

Facebook တွင် Video တင်ဆက်နေသူများအနေဖြင့် ဝင်ငွေရှာနိုင်တော့မည်

0
Facebook တွင် Video တင်ဆက်နေသူများအနေဖြင့် ဝင်ငွေရှာနိုင်တော့မည်

Facebook မှာ video တွေတင်ရင် အရင်က ငွေကြေးဆိုင်ရာ အကျိုးအမြတ်မရရှိခဲ့ပေမယ့် မကြာမှီမှာ ဝင်ငွေရရှိနိုင်တော့ မှာ ဖြစ်ပါတယ်။ YouTube မှာ video တင်ပြီး ကြေငြာလက်ခံဖော်ပြနိုင်တဲ့ လုပ်ဆောင်ချက်မျိုးနဲ့ ဆင်တူတဲ့ စနစ်ကို Facebook ကလဲ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချ လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Facebook မှာ video တင်ဆက်နေတဲ့ ဆယ်လီတွေ၊ publisher တွေအနေနဲ့ တစ်ဖက်တစ်လမ်း ဝင်ငွေရရှိနိုင်မှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကျနော်တို့ Facebook မှာ ကြေငြာနေတဲ့ ဝင်ငွေတွေကို Facebook ကနေသာ ရရှိခြင်းဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကမှ အကျိုးအမြတ်ကို ပြန်လည်ရရှိခြင်း မရှိပါဘူး။ ယခုမှာတော့ Video ads ရဲ့အကျိုးအမြတ်ကို Facebook မှ ၄၅ ရာခိုင်နှုန်းယူပြီး ၅၅ ရာခိုင်နှုန်းကို video upload တင်သူက ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ video ကို လူများများကြည့်ရှုနိုင်အောင် လုပ်နိုင်လေလေ ဝင်ငွေတိုးလေလေဖြစ်ပါတယ်။ လအနည်းငယ်သာ စောင့်ဆိုင်းဖို့ သာ လိုအပ်တော့မှာ ဖြစ်ပြီး ယခုအချိန်မှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Live Video တွေမှာလည်း ကြေငြာထည့် သွင်းခြင်းကို Facebook ကနေ စမ်းသပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: