Home Knowledge ပါရာစီတမောကို ရေတို၊ ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်

ပါရာစီတမောကို ရေတို၊ ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်

0
ပါရာစီတမောကို ရေတို၊ ရေရှည် သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်

လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမောကို ကျွန်တော်တို့တွေဟာ ဘာရောဂါဖြစ်ဖြစ် ဒါပဲသောက်ကြတယ်လို့ လက်ဆင့်ကမ်းမျှဝေ သောက်သုံးနေကြတာကို တွေ့ရပါတယ်။ ဘာရောဂါဖြစ်ဖြစ် အဲ့ဒါလေးသောက်လိုက်ပါဆိုပြီး ဘေးထွက်ဆိုးကျိုးတွေကို မသိကြပဲ တစ်ခါသောက်ရင် တစ်လုံးထက်ပိုပြီး သောက်ကြတာကလည်း မှားယွင်းနေကြတာပါ။

ပါရာစီတမောကို ရေတို၊ ရေရှည်သောက်သုံးပါက အသည်းအဆိပ်သင့် ပျက်စီးနိုင်ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) တွင် ဖတ်ကြားသွားသော စာတန်းအရ သိရပါတယ်။

အသည်းဆဲလ်များ ပျက်စီး

အဆိုပါသုတေသနတွင် ကြွက်ဖြူများကို လတ်တလော အဆိပ်သင့်စေခြင်း၊ ကြွက်ဖြူကြီးများကို အချိန်တို အဆိပ်သင့်စေခြင်းဖြင့် စမ်းသပ်ခဲ့ကြောင်း၊ လတ်တလောအဆိပ်သင့်စမ်းသပ်မှုတွင် ပါရာစီတရော ၀.၅ မှ ၀.၆ ကီလိုဂရမ်ကို တစ်ကြီမ်တည်းတိုက်ကျွေးခဲ့ရာ သေစေနိုင်သော ဆေးချိန်အမှတ်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ရေတို(အချိန်တို) စမ်းသပ်မှုများတွင် ပါရာစီတမော ၀.၂၅မှ ၀.၅ ဂရမ်/ ကီလိုဂရမ်ကို တစ်ရက်နှစ်ကြိမ်မှ လေးကြိမ်ထိခွဲ၍ တစ်ပတ်တိုက်ကျွေးခဲ့ရာ ထိုဆေးပပမာဏကို တိုက်ကျွေးမှုတွင် သေဆုံးမှုမရှိသော်လည်း ကိုယ်တွင်း စမ်းသပ်စစ်ဆေးရာ သေစေနိုင်သော အသည်းပျက်စီးမှုကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့် ကြိမ်ဖန်များစွာ တိုက်ကျွေးသော ကြွက်ကြီးများတွင် တိုက်ကျွေးသောလည်း အသည်းဆဲလ် ပျက်စီးမှုကို လတ်တလော အဆိပ်သင့်မှုများကဲ့သို့ပင်တွေ့ရှိရကြောင်း သိရသည်။

ပို၍ဆိုရွားသော ပျက်စီးမှု

အဆိုပါ စမ်းသပ်တွေ့့ရှိချက်များအရ ပါရာစီတမောသည် အချိန်တိုအတွင်း ၁ဝမှ ၁၅ဂရမ် သောက်သုံးပါက ဆေးပမာဏအပေါ်မူတည်၍ အသည်းအဆိပ်သင့်ကာ သေစေနိုင်ကြောင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း၊ သွားကိုက်ခြင်းများအတွက် သောက်သုံးသင့်သည်ထက် ပမာဏကို အချိန်တိုအတွင်း အကြိမ်းများစွာ သောက်သုံးခြင်းသည်လည်း အသည်းပျက်စီးမှု ဖြစ်ပေါ်နိုင်ကြောင်း၊ ဆေးပမာဏမများသော်လည်း အကြိမ်ရေများစွာကို အချိန်တိုအတွင်းသောက်သုံးခြင်သည် ထိုဆေးပမာဏ အာလုံးပေါင်းအား တစ်ကြိမ်ထဲ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသော အသည်းပျက်စီးမှုနှင့်တူညီသော သို့မဟုတ် ပို၍ ဆိုးဝါးသော ပျက်စီးမှုကို ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Zawgyi Font : ပါရာစီတေမာကို ေရတို၊ ေရရွည္ ေသာက္သုံးပါက အသည္းအဆိပ္သင့္ ပ်က္စီးႏိုင္

လူသိမ်ားတဲ့ အကိုက္အခဲေပ်ာက္ေဆးတစ္မ်ိဳးျဖစ္တဲ့ ပါရာစီတေမာကို ကြၽန္ေတာ္တို႔ေတြဟာ ဘာေရာဂါျဖစ္ျဖစ္ ဒါပဲေသာက္ၾကတယ္လို႔ လက္ဆင့္ကမ္းမွ်ေဝ ေသာက္သုံးေနၾကတာကို ေတြ႕ရပါတယ္။ ဘာေရာဂါျဖစ္ျဖစ္ အဲ့ဒါေလးေသာက္လိုက္ပါဆိုၿပီး ေဘးထြက္ဆိုးက်ိဳးေတြကို မသိၾကပဲ တစ္ခါေသာက္ရင္ တစ္လုံးထက္ပိုၿပီး ေသာက္ၾကတာကလည္း မွားယြင္းေနၾကတာပါ။

ပါရာစီတေမာကို ေရတို၊ ေရရွည္ေသာက္သုံးပါက အသည္းအဆိပ္သင့္ ပ်က္စီးႏိုင္ေၾကာင္း ေဆးသုေတသနဦးစီးဌာန (ေအာက္ျမန္မာျပည္) တြင္ ဖတ္ၾကားသြားေသာ စာတန္းအရ သိရပါတယ္။

အသည္းဆဲလ္မ်ား ပ်က္စီး

အဆိုပါသုေတသနတြင္ ႂကြက္ျဖဴမ်ားကို လတ္တေလာ အဆိပ္သင့္ေစျခင္း၊ ႂကြက္ျဖဴႀကီးမ်ားကို အခ်ိန္တို အဆိပ္သင့္ေစျခင္းျဖင့္ စမ္းသပ္ခဲ့ေၾကာင္း၊ လတ္တေလာအဆိပ္သင့္စမ္းသပ္မႈတြင္ ပါရာစီတေရာ ၀.၅ မွ ၀.၆ ကီလိုဂရမ္ကို တစ္ႀကီမ္တည္းတိုက္ေကြၽးခဲ့ရာ ေသေစႏိုင္ေသာ ေဆးခ်ိန္အမွတ္ကို စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း၊ ေရတို(အခ်ိန္တို) စမ္းသပ္မႈမ်ားတြင္ ပါရာစီတေမာ ၀.၂၅မွ ၀.၅ ဂရမ္/ ကီလိုဂရမ္ကို တစ္ရက္ႏွစ္ႀကိမ္မွ ေလးႀကိမ္ထိခြဲ၍ တစ္ပတ္တိုက္ေကြၽးခဲ့ရာ ထိုေဆးပပမာဏကို တိုက္ေကြၽးမႈတြင္ ေသဆုံးမႈမရွိေသာ္လည္း ကိုယ္တြင္း စမ္းသပ္စစ္ေဆးရာ ေသေစႏိုင္ေသာ အသည္းပ်က္စီးမႈကို စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း၊ ယင္းေၾကာင့္ ႀကိမ္ဖန္မ်ားစြာ တိုက္ေကြၽးေသာ ႂကြက္ႀကီးမ်ားတြင္ တိုက္ေကြၽးေသာလည္း အသည္းဆဲလ္ ပ်က္စီးမႈကို လတ္တေလာ အဆိပ္သင့္မႈမ်ားကဲ့သို႔ပင္ေတြ႕ရွိရေၾကာင္း သိရသည္။

ပို၍ဆို႐ြားေသာ ပ်က္စီးမႈ

အဆိုပါ စမ္းသပ္ေတြ႕့ရွိခ်က္မ်ားအရ ပါရာစီတေမာသည္ အခ်ိန္တိုအတြင္း ၁ဝမွ ၁၅ဂရမ္ ေသာက္သုံးပါက ေဆးပမာဏအေပၚမူတည္၍ အသည္းအဆိပ္သင့္ကာ ေသေစႏိုင္ေၾကာင္း၊ ရာသီလာစဥ္ ကိုက္ခဲျခင္း၊ သြားကိုက္ျခင္းမ်ားအတြက္ ေသာက္သုံးသင့္သည္ထက္ ပမာဏကို အခ်ိန္တိုအတြင္း အႀကိမ္းမ်ားစြာ ေသာက္သုံးျခင္းသည္လည္း အသည္းပ်က္စီးမႈ ျဖစ္ေပၚႏိုင္ေၾကာင္း၊ ေဆးပမာဏမမ်ားေသာ္လည္း အႀကိမ္ေရမ်ားစြာကို အခ်ိန္တိုအတြင္းေသာက္သုံးျခင္သည္ ထိုေဆးပမာဏ အာလုံးေပါင္းအား တစ္ႀကိမ္ထဲ ေသာက္သုံးျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အသည္းပ်က္စီးမႈႏွင့္တူညီေသာ သို႔မဟုတ္ ပို၍ ဆိုးဝါးေသာ ပ်က္စီးမႈကို ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: