Home News ဂျေရုစလမ် တွင် ISIS မှ အစ္စရေးစစ်သားများအား ကုန်ကားဖြင့် ဝင်တိုက်၊ ၄ယောက်သေဆုံး

ဂျေရုစလမ် တွင် ISIS မှ အစ္စရေးစစ်သားများအား ကုန်ကားဖြင့် ဝင်တိုက်၊ ၄ယောက်သေဆုံး

0
ဂျေရုစလမ် တွင် ISIS မှ အစ္စရေးစစ်သားများအား ကုန်ကားဖြင့် ဝင်တိုက်၊ ၄ယောက်သေဆုံး

ဇန်နဝါရီ ၈ ရက် တနင်္ဂနွေနေ့က ပါလက်စတိုင်းလူမျိုး ISIS အဖွဲ့ဝင်တစ်ယောက်သည် အစ္စရေးစစ်သားများအား ကုန်ကား ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ကုန်ကားကို အရှိန်ပြင်းထန်စွာဖြင့် အစ္စရေးစစ်သားအုပ်စုကြားထဲထံမောင်းနှင် ၍ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား (၄) ယောက်သေဆုံးပြီး (၁၅) ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လုပ်ကြံသူနဲ့တစ်ကွ အပေါင်းအပါ ၅ယောက်ကို ဖမ်းမိခဲ့ပြီး လုပ်ကြံသူ၏ အဖေနှင့် အကို ပါ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နသန်ရဟူ က ” ဒီတိုက်ခိုက်မှုဟာ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်နဲ့တူပါတယ်၊ ဒါမျိုး အကြမ်းဖက်မှုကို ကျနော်တို့ အတူတစ်ကွ ပူးပေါင်းပြီး တိုက်ဖျက်ရမှာ ဖြစ်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ အကြမ်းဖက်လုပ်ကြံသူမှာ အစ္စလာလမ်မစ် နိုင်ငံတော်ထူထောင်ရေးအတွက် ပူးပေါင်းပါဝင်သူဖြစ်ပြီး ဒီလုပ်ကြံမှုဟာ လွန်ခဲ့တဲ့ လ အနည်းငယ်က ပြင်သစ်နဲ့ ဂျာမနီက ဖြစ်ရပ်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ၄ယောက်မှာ အစ္စရေးအမျိုးသမီးစစ်သား ၃ ဦးနဲ့ အမျိုးသား စစ်သား ၁ဦး တို့ ဖြစ်ပါတယ်။ အောက်ပါ ပုံကတော့ သေဆုံးခဲ့တဲ့ လူတွေရဲ့ ပုံဘဲ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: