Home Lifestyle Food အရက်ဘားမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုစားသောက်မလဲ

အရက်ဘားမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုစားသောက်မလဲ

0
အရက်ဘားမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုစားသောက်မလဲ

အရက်ဆိုတာ မသောက်ပဲနေနိုင်ရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ အရက်ကိုမသောက်ပဲမနေနိုင်လို့ လူမှုရေးအရပဲဖြစ်ဖြစ် သောက်မယ်ဆိုရင်တော့ အသင့်အတင့်ပမာဏကိုသာ သောက်သင့်ပါတယ်။ အရက်ကို အရက်ဘား၊ စားသောက်ဆိုင် စတဲ့ နေရာတွေမှာ သောက်တဲ့အခါ အမြည်းအဖြစ် စားသောက်တဲ့ အစားအစာတွေမှာ ပါဝင်လေ့ရှိတဲ့ အပို ကယ်လိုရီတွေ၊ ဆားနဲ့ အဆီဓာတ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် အကြံပြုရေးသားလိုက်ရပါတယ်။

ချက်ပြုတ်နည်းကိုကြည့်ပါ

စားသောက်ဆိုင်မှာ ရောင်းချတဲ့ အစားအသောက်အများစုဟာ အဆီ၊ ဆားနဲ့ ကိုယ်လက်စထရောဓာတ်တွေ ပါဝင်တတ်တာကြောင့် ဆီကြော်စာ အစား ပြုတ်ထားတဲ့၊ ပေါင်းထားတဲ့ အစားအစာမျိုးကို အဓိကမှာသင့်ပါတယ်။

ငါးကို အဓိကမှာပါ

အရက်နဲ့ မြည်းတဲ့အခါ ဘဲကင်လို အဆီများတဲ့ အသားတွေကို အဓိကမှာစားလေ့ရှိကြတာကို တွေ့ရပါတယ်။ ဘဲကင်မှာ အဆီဓာတ်ပါဝင်မှု များတာကြောင့် ငါးလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားကို အလေးထား မှာယူစားသုံးသင့်ပါတယ်။ ငါးကင်စားတဲ့အခါ အပေါ်ယံအရေခွံဟာ မီးနဲ့ တိုက်ရိုက်ထိတွေ့ထားတာကြောင့် အရေခွံကို ခွာပြီးမှ စားသင့်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို လျစ်လျူမရှုပါနဲ့

ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစိမ်းလိုက် စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဆီနဲ့ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထက် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်ပါတယ်။

အာလူးချောင်းကြော် မစားပါနှင့်

အာလူးချောင်းကြော်ကို အရက်နဲ့ မြည်းလို့ ကောင်းတဲ့ အစားအစာအဖြစ် လူသိများပါတယ်။ တကယ်တော့ မစားသင့်ပါဘူး။ ဘီယာကြောင့် ဗိုက်ပူစေတဲ့အချက်ကို ဘီယာက အားပေးနေတာကြောင့်ပါ။

အမြည်းများများ စားပါ

အရက်ကို အသင့်အတင့် သောက်ဖြစ်အောင်နဲ့ အရက်သောက်ပြီး အာဟာရပြည့်ပြည့်ဝဝမစားဖြစ်လို့ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေ ကျန်မာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေ ရောက်လာပြီဆိုရင် အဲဒါကို အရင်စားပါ။ အမြည်းမစားပဲ အရက်ချည်း မသောက်ပါနဲ့။

အရက်ကို ကန့်သတ်ချက်နဲ့သာ သောက်ပါ။

အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အရက်နှစ်ပက်ပဲ သောက်သုံးသင့်ပါတယ်။ ဒီပမာဏထက်ကျော်ရင် အသည်းရဲ့ ခြေဖျက်နိုင်စွမ်းအဆင့်ထက် ကျော်လွန်သွားတာကြောင့် အသည်းအတွက် အန္တရာယ်ရှိပါတယ်။

ရေများများနဲ့ တွဲသောက်ပါ

အရက်သောက်တဲ့အတွက် ရေငတ်မပြေတဲ့အပြင် ရေဓာတ်ခမ်းခြောက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်မသောက်ခင်မှာ ရေကိုအရင်သောက်ထားလိုက်ပါ။ ဒါဆိုရင် အရက်ကို ကန့်သတ်ထားတဲ့ ပမာဏအတွင်းမှာ သောက်ဖြစ်သွားပါလိမ့်မယ်။

အရက်သောက်ရင်း ရင်တွင်းခံစားချက်တွေကို မဖွင့်ဟပါနဲ့

သင့်သူငယ်ချင်းနဲ့အတူ အရက်သောက်ရင်း ကိုယ်ခံစားရတာတွေကို ရင်ဖွင့်လိုက်… သူခံစားရတာတွေကို နားထောင်လိုက်… အဲလိုလုပ်တဲ့အခါ အရက်ကို လိုတာထက် ပိုသောက်မိသွားနိုင်ပါတယ်။ ဒါကြောင့် အရက်ခွက်ကို အဖော်ပြုပြီး ခံစားချက်တွေကို မဖွင့်ဟလိုက်ပါနဲ့။ အမြည်းစားရင်းပြောတာပဲ ကောင်းပါတယ်။

အရက်သမားမဟုတ်ပါ

ဘာအကြောင်းကြောင့်ပဲ အရက်သောက်သောက် ကိုယ့်ကိုယ်ကို အရက်သမားတစ်ယောက်လို့ မခံယူထားပါနဲ့။ အရက်သမားလို့ ခံယူလိုက်တာနဲ့ အကန့်အသတ်ဆိုတာ မသိပဲ သောက်မိနိုင်ခြေများပါတယ်။ လူမှုရေးအရ သောက်ဖြစ်တဲ့အခါတွေမှာ လူကြီးလူကောင်းတစ်ယောက်လိုပဲ စည်းကမ်းနဲ့ သောက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: