
CES 2017 နည်းပညာပြပွဲမှာကတော့ အထူးအဆန်းတွေကြီးပါဘဲ။ Smart Breast ကတော့ ကလေးအမေတွေ အတွက် ဖြစ်ပါတယ်။ ဒီလို ဝတ်ဆင်လို့ရမယ့် Smart Breast နဲ့ နို့ရည်တွေကို စုဆောင်းသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုတာက နို့ရည်ကို စုဆောင်းပေးနိုင်မယ့် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ Smart breast အတွင်းမှာ နို့ရည်ကို စုစည်းပေးမယ့် အိတ်၊ pump နဲ့ ထိန်းချုပ်နိုင်တဲ့ controller ပစ္စည်းသာပါဝင်ပါတယ်။ ဒါ့အပြင် Smart breast ကို mobile app နဲ့ထိန်းချုပ်နိုင်မှာဖြစ်ပြီး နို့ရည်ပမာဏစုဆောင်းရရှိမှုကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေး အမေတွေရဲ့ ဘရာဇီယာ အတွင်းမှာ Smart Breast ကို ဝတ်ဆင်ထားပြီး အလုပ်မပျက်စေဘဲ နို့ရည်စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Smart Breast ဟာ သင့်ကို နို့ရည်စုဆောင်းဖို့ အချိန်သီးသန့်ပေးစရာမလိုဘဲ အလိုအလျောက် mobile app ကနေ ထိန်းချုပ်စေနိုင်မှာ ဖြစ်ပါတယ်။ on/off လုပ်ရုံနဲ့ နို့ရည်စုဆောင်းခြင်းကို ထိန်းချုပ်နိုင်မှာကြောင့် ကလေးအမေများအတွက်ဆို အလွန့်ကို သင့်လျော်တဲ့ Smart Breast ဖြစ်ကြောင်း သတင်းကောင်းပါရစေ။ စျေးနှုန်းကတော့ တစ်စုံကို အမေရိကန် ဒေါ်လာ ၄၂၉ ကျသင့်မှာ ဖြစ်ပါတယ်။