Home Knowledge မှဲ့များများရှိတာကြောင့် အရွယ်တင်နုပျိုစေနိုင်

မှဲ့များများရှိတာကြောင့် အရွယ်တင်နုပျိုစေနိုင်

0
မှဲ့များများရှိတာကြောင့် အရွယ်တင်နုပျိုစေနိုင်

ခန္ဓာကိုယ်မှာ မှဲ့များများ(မှဲ့ပေါင်း ၁ဝဝကျော်ရှိသူတွေဟာ အရွယ်တင်နုပျိုစေနိုင်တယ်လို့ London King တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံး သုတေသနပြုလုပ်ချက်အရ ခန္ဓာကိုယ်မှာ မှဲ့ပေါင်း ၁ဝဝကျော်ခန့်ရှိသူတွေဟာ မှဲ့အနည်းငယ်ရှိသူတွေထက် အရိုးပါးရောဂါဖြစ်နိုင်ခြေ ၅ဝရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရှိရပါတယ်။

ဘာကြောင့်လဲဆိုတော့ မှဲ့အရေအတွက် အများအပြားရှိသူတွေမှာ Telomeres (ဆဲလ်တိုင်းရဲ့ ခရိုမိုဇုန်းနေရာမှာ ရှိတဲ့ DNAအမျှင်စု) ပိုရှည်တတ်ပြီး Telomeresတွေဟာ ကျွန်တော်တို့ ကြီးလာရင် ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို ဖော်ပြနိုင်တဲ့့ အကောင်းဆုံး ပစ္စည်းမို့ပါ။ မှဲ့ရှိသူတွေဟာ မှဲ့ကင်ဆာဖြစ်နိုင်ခြေများပေမဲ့ အရွယ်အိုမင်းမှုနှုန်း နှေးကွေးနိုင်တဲ့ အကျိုးကျေးဇူးတွေတော့ရှိပါတယ်လို့ သုတေသီခေါင်းဆောင်က ပြောပါတယ်။

Zawgyi Font : မွဲ႔မ်ားမ်ားရွိတာေၾကာင့္ အ႐ြယ္တင္ႏုပ်ိဳေစႏိုင္

ခႏၶာကိုယ္မွာ မွဲ႔မ်ားမ်ား(မွဲ႔ေပါင္း ၁ဝဝေက်ာ္ရွိသူေတြဟာ အ႐ြယ္တင္ႏုပ်ိဳေစႏိုင္တယ္လို႔ London King တကၠသိုလ္မွ သုေတသီေတြက ေတြ႕ရွိခဲ့ပါတယ္။ သူတို႔ရဲ႕ ေနာက္ဆုံး သုေတသနျပဳလုပ္ခ်က္အရ ခႏၶာကိုယ္မွာ မွဲ႔ေပါင္း ၁ဝဝေက်ာ္ခန႔္ရွိသူေတြဟာ မွဲ႔အနည္းငယ္ရွိသူေတြထက္ အ႐ိုးပါးေရာဂါျဖစ္ႏိုင္ေျခ ၅ဝရာခိုင္ႏႈန္း ေလ်ာ့နည္းတယ္လို႔ သိရွိရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ မွဲ႔အေရအတြက္ အမ်ားအျပားရွိသူေတြမွာ Telomeres (ဆဲလ္တိုင္းရဲ႕ ခ႐ိုမိုဇုန္းေနရာမွာ ရွိတဲ့ DNAအမွ်င္စု) ပိုရွည္တတ္ၿပီး Telomeresေတြဟာ ကြၽန္ေတာ္တို႔ ႀကီးလာရင္ ဇီဝ႐ုပ္ျဖစ္ပ်က္မႈႏႈန္းကို ေဖာ္ျပႏိုင္တဲ့့ အေကာင္းဆုံး ပစၥည္းမို႔ပါ။ မွဲ႔ရွိသူေတြဟာ မွဲ႔ကင္ဆာျဖစ္ႏိုင္ေျခမ်ားေပမဲ့ အ႐ြယ္အိုမင္းမႈႏႈန္း ေႏွးေကြးႏိုင္တဲ့ အက်ိဳးေက်းဇူးေတြေတာ့ရွိပါတယ္လို႔ သုေတသီေခါင္းေဆာင္က ေျပာပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: