Home News ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

0
ရေအောက်မှာ သွားလာမှတ်တမ်းတင်နိုင်မယ့် Drone

ဒရုန်းဆိုရင် အတော်များများထင်ကြတာကတော့ လေပေါ်မှာဘဲ ပျံဝဲနိုင်တယ်ပေါ့။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ CES 2017 နည်းပညာပြပွဲမှာ ဒရုန်း ( drone) တွေကို အဓိက ထုတ်လုပ်နေတဲ့ Powervision ကုမ္ပဏီကနေ ရေအောက်မှာ သွားလာမှတ်တမ်းရိုက်နို်င်တဲ့ ဒရုန်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ လက်ရှိမှာတော့ ရေအောက်ဒရုန်းကို ငါးမျှားသလို ကြိုးနဲ့ ဆက်သွယ်ထားတာ ဖြစ်ပြီး ကြိုးအရှည်ရှိသလောက်သာ ထိန်းချုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကြိုးမဲ့ စနစ်တွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အကွာအဝေးပိုမိုသွားနိုင်မှာပါ ဖြစ်ပါတယ်။

ဒါ့အပြင် ရေချို၊ရေငံနဲ့ အေးခဲလှတဲ့ ရေတွေထဲမှာလဲ အသုံးပြုနိုင်ပါတယ်။ ကင်မရာကိုတော့ 4K UHD အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်တာကြောင့် အံ့သြဖွယ်ရာပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ရေအောက်မှာ ရှိတဲ့အရာတွေကို လူကိုယ်တိုင် ရေငုပ်စရာမလိုဘဲ အန္တရာယ်ကင်းကင်းနဲ့ မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဒရုန်းဟာ အနီးနားမှာ ရှိတဲ့ ရေသတ္တဝါတွေကိုလည်း အလိုအလျောက် သိရှိနိုင်ပါတယ်။ သရုပ်ဖော်ပြထားတဲ့ video ကိုတော့ အောက်ပါ video မှာ လေ့လာနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: