Home Lifestyle Food ငှက်ပျောရွက်ထုပ် ငါးကင် ဘယ်လိုချက်မလဲ

ငှက်ပျောရွက်ထုပ် ငါးကင် ဘယ်လိုချက်မလဲ

0
ငှက်ပျောရွက်ထုပ် ငါးကင် ဘယ်လိုချက်မလဲ

ဒီအပတ်အတွက် ကယ်လိုရီနည်းပြီး ပြည့်ဝဆီမပါလို့ ၀ိတ်တက်မှာ စိတ်မပူရတဲ့ နိုနာရိုးရာ ဟင်းလျာတစ်မျိုးကို ကိုယ်တိုင် လုပ်စားကြည့်ကြပါဦးလို့ ဆန်းသစ်မြန်မာကနေ အကြံပေးတင်ဆက်လိုက်ရပါတယ်။

ပါဝင်ပစ္စည်း(လူလေးယောက်စာ)

သီဟိုဠ်စေ့ – လေးစေ့

ငရုတ်သီးခြောက်- ၁ဝတောင့်

ကြက်သွန်ဖြူ- သုံးမွှာ

ကြက်သွန်နီ- နှစ်လုံး

ငှက်ပျောရွက်- အနည်းငယ်

နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း ဆယ်ပုံတစ်ပုံခန့်

ဆား- လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပုဇွန် ငါးပိ- ထမင်းစားဇွန်တစ်ဇွန်း

ဆီ- ထမင်းစားဇွန်း နှစ်ဇွန်း

သကြား- လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ကကတစ်ငါး သိုးမဟုတ် ငါးပါးနီ- တစ်ကောင်( ၃၅ကျပ်သားခန့်)

ချက်ပြုတ်နည်း

သီဟိုဠ်စေ့၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီ၊ နနွင်းမှုန့်တို့နှင့် ငါးပိတို့ကို ရော၍ ညက်အောင်ထောင်းပါ။ ဒယ်အိုးဖြင့် ဆီကို အပူပေး၍ ထောင်းထားသောအနှစ်များကို ဆီသတ်ပါ။

ဆီသတ်နေရင်း ဆားနှင့် သကြားထည့်ပါ။

ငါးကို ကြက်ခြေခတ်သဏ္ဌာန် ဓားမွှန်းရာများပေး၍ ဆီသတ်ထားသော အနှစ်များနှင့် သုတ်လိမ်းပါ။

ပြီးလျှင် ငှက်ပျောရွက်နှင့် ငါးကိုလုံအောင် ထုပ်ပြီး ကျက်သည်အထိ ၁၅မိနစ်ခန့် မီးကင်ပေးပါ။ (ငါးကင်ရာတွင် ဒယ်ပြားအခြောက်ပေါ်တင်၍ လည်းကောင်း၊ Ovenဖြင့်လည်းကောင်း ကင်နိုင်ပါသည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: