Home Lifestyle Health တံတွေးဘာကြောင့် အထွက်များရတာလဲ

တံတွေးဘာကြောင့် အထွက်များရတာလဲ

0
တံတွေးဘာကြောင့် အထွက်များရတာလဲ

သင့်ခံတွင်းထဲမှာ တံတွေး ပမာဏ အများအပြားထွက်တာဟာ အခိုက်အတန့် ဖြစ်ပေါ်တဲ့ ပြဿနာတစ်ရပ်ဖြစ်နိုင်သလို အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်မတို့ ခံတွင်းထဲက တံတွေးပမာဏ ၀.၉လီတာကနေ ၁.၉လီတာအထိ ထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ တံတွေးတွေကို သတိမထားမိပဲ အဆက်မပြတ် မြိုချမိနေတာကြောင့် တံတွေးထွက်နေတာကို သတိမပြုမိလိုက်ကြပါဘူး။ တကယ်လို့ တံတွေးအထွက်များနေတယ်လို့ သတိထားမိတယ်ဆိုရင် တံတွေးဂလင်းတွေက တံတွေးတွေကို ပုံမှန်ထက် တံတွေးကို ပိုမို ထုတ်ပေးနေတာကြောင့် ဒါမှမဟုတ် တံတွေးကို မျိုချနှုန်း နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။

တံတွေးအထွက်များတာက ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွေမှာလည်း ခံစားရတတ်ပါတယ်။ ပါးစပ်နဲ့ လည်ချောင်းထဲက ကြွက်သား ဒါမှမဟုတ် နာဗ်ကြောထိခိုက်မှုကြောင့် တံတွေးမျိုချခက်နေရင်လည်း ပါးစပ်ထဲမှာ တံတွေးတွေများနေတတ်ပါတယ်။

ခံတွင်းထဲ ပိုးဝင်နေရင်

Clozapine, Isoproterenol စတဲ့ ဆေးဝါးတွေ သောက်နေရရင်

ကိုယ်ဝန်ဆောင်နေရရင်

ပါးစပ်ထဲမှာ အနာပေါက်နေရင်

ကလေးတွေမှာ သွားပေါက်နေရင်

တံတွေးအထွက်များစေသော အကြောင်းရင်းများ

အာဆင်းနစ် အဆိပ်သင့်ခြင်း

မျက်နှာ ကြွက်သားအားနည်းခြင်း

လေဖြန်းခြင်း

မွေးရာပါ အစာရေပြွန်ကောင်းစွာ မဖွံ့ဖြိုးတဲ့ ပြဿနာရှိခြင်း

ပြဒါး အဆိပ်သင့်ခြင်း

ခွေးရူးပြန်ခြင်း

ဆစ်ဖလစ် ကာလသားရောဂါ

တီဘီရောဂါ

တံတွေးမျိုချနိုင်စွမ်း လျော့နည်းစေသော အကြောင်းရင်းများ

ရုတ်တရက်နဲ့ နာတာရှည် နှာမြေးယောင်ယမ်းခြင်း၊ ဓာတ်မတည့်မှုဖြစ်ခြင်း၊ သားငံရည်ကျိတ်မျာကြီးခြင်း၊ လျှာနဲ့ နှုတ်ခမ်းရဲ့ ရွေ့လျားမှုကို ထိခိုက်စေတဲ့ အကျိတ်များ ရှိခြင်း၊ ခံတွင်းရဲပ လုပ်ငန်းဆောင်တာနဲ့ ကြွက်သား လုပ်ဆောင်မှုတွေ အပေါ် သက်ရောက်မှုရှိတဲ့ ဒေါင်းရောဂါ လက္ခဏာစု၊ မူမမှန်တဲ့ တုံ့ပြန်ရောဂါ-Autism၊ ပါကင်ဆန်ရောဂါ၊ လေဖြတ်ခြငး စတဲ့ ရောဂါတွေကြောင့်လည်း တံတွေးကို မျိုချနိုင်စွမ်း လျော့ကျစေပါတယ်။

ဆရာဝန်နဲ့ ပြသင့်သောအချိန်

သင့်အနေနဲ့ တံတွေးအထွက်များတဲ့ အခြေအနေကို ကြာရှည်စွာ ခံစားနေရပါက ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပါပြီ။ ခံတွင်းမှာ တံတွေးတွေများနေတာဟာ တံတွေးထွက်လို့လား ဒါမှမဟုတ် တံတွေးကို မျိုချနိုင်စွမ်းနည်းနေတာလားဆိုတာကိုတော့ သိဖို့ အရေးကြီးပါတယ်။ တာရှည်တံတွေးထွက်တဲ့ အခြေအနေကို ကုသမှုဟာ အခြေခံအကြောင်းရင်းပေါ်မူတည်ပြီး ကုသရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: