
လူပြောသမျှအတိုင်း နားလည်ပြီး လုပ်ဆောင်နိုင်တဲ့ Google AI assistant feature ကို Android TV, Smart နာရီတွေနဲ့ ကားတွေမှာ မကြာမှီထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ Google ရဲ့ Pixel စမတ်ဖုန်းမှာ AI လုပ်ဆောင်ချက် ထည့်သွင်းပေးထားပြီး မကြာမှီအချိန်အတွင်းမှာတော့ ဖုန်းမဟုတ်သော အခြားအရာတွေပေါ်မှာပါ အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။ လာမည့် လ အနည်းငယ်အတွင်းစတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး Nvidia Shield, Xiaomi Mi Box နဲ့ Android TVs တွေမှာ AI assistant ကို စတင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Nvidia Shield မှာ AI လုပ်ဆောင်ချက်ကို မည်သည့်ပစ္စည်းကြားခံ အကူအညီမပါဘဲ အခန်းအတွင်းကနေ သင့်ရဲ့ အသံနဲ့ အမိန့်ပေး စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာရီတွေနဲ့ ကားတွေပေါ်မှာပါ AI နည်းပညာ အသုံးပြုနိုင်တော့မှာ ဖြစ်တဲ့ အတွက် ရင်ခုန်စွာနဲ့စောင့်မျှော်ရတော့မှာ ဖြစ်ပါတယ်။