Home News Samsung မှ Galaxy A Series 2017 ဗားရှင်းတွင် 16MP ကင်မရာနှင့် ရေစိမ်ခံနိုင်ခြင်းနည်းပညာထည့်သွင်း

Samsung မှ Galaxy A Series 2017 ဗားရှင်းတွင် 16MP ကင်မရာနှင့် ရေစိမ်ခံနိုင်ခြင်းနည်းပညာထည့်သွင်း

0
Samsung မှ Galaxy A Series 2017 ဗားရှင်းတွင် 16MP ကင်မရာနှင့် ရေစိမ်ခံနိုင်ခြင်းနည်းပညာထည့်သွင်း

Samsung ကတော့ Galaxy A series ကို တစ်နှစ်တစ်ခါ upgrade လုပ်ပြီး ထွက်ရှိလာတာ ဖြစ်ပြီး ယခု 2017 ဗားရှင်းမှာ ပိုမိုကောင်းမွန်လာမယ့် feature အသစ်တွေနဲ့ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy A series 2017 ကို ၄.ရလက်မ မျက်နှာပြင်အကျယ်ရှိတဲ့ A3 , ၅.၂လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ A5 နဲ့ ၅.၇ လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ A7 တို့ထွက်ရှိမှာ ဖြစ်ပါတယ်။ 2017 ဗားရှင်းမှာ ထူးခြားချက်အနေနဲ့ ပါဝင်လာမှာကတော့ USB Type-C , IP68 Water Resistance နဲ့ 16MP အရည်အသွေးရှိတဲ့ ကင်မရာအဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

IP 68 Water Resistance ဖြစ်တာကြောင့် ရေစိမ်ခံနိုင်ခြင်းနဲ့ ဖုန်ဒဏ်တို့ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ကင်မရာအနေနဲ့ Back Camera ကို 16MP တပ်ဆင်ပေးထားမှာ ့ဖြစ်ပြီး Front Camera ကိုတော့ 8MP အရည်အသွေး ရှိတဲ့ ကင်မရာတပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် USB Type C ဖြစ်သွားတဲ့အတွက် အချက်အလက် စီးဆင်းမှုနဲ့ ပါ၀ါပြန်ဖြည့်တဲ့အခါ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ Speaker ပိုင်းလည်း ပြောင်းသွားမယ်လို့ ပြောထားပါသေးတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ speaker ထားရှိမှာ ဖြစ်ပြီး body ကိုတော့ Hybrid Metal နဲ့ Glass ဒီဇိ်ုင်းလို့ ပြောထားတာကြောင့် လှပသေသပ်မယ့် ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ ယခုလအတွင်းမှာ ရုရှားနိုင်ငံမှာ စတင်ရောင်းချမယ်လို့ပြောထားပြီး စျေးနှုန်းကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။ အရောင်ကိုတော့ ၄ရောင်ထွက်ရှိမှာ ဖြစ်ပြီး Black Sky, Gold Sand, Blue Mist နဲ့ Peach Cloud.အရောင်အနေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: