Home News ပြင်သစ်တွင် အလုပ်ချိန်ထက် ကျော်လွန်သော အီးမေးလ်များကို စစ်ဆေးစရာမလိုတော့သည့် ဥပဒေ အတည်ပြု

ပြင်သစ်တွင် အလုပ်ချိန်ထက် ကျော်လွန်သော အီးမေးလ်များကို စစ်ဆေးစရာမလိုတော့သည့် ဥပဒေ အတည်ပြု

0
ပြင်သစ်တွင် အလုပ်ချိန်ထက် ကျော်လွန်သော အီးမေးလ်များကို စစ်ဆေးစရာမလိုတော့သည့် ဥပဒေ အတည်ပြု

ပုံမှန်အားဖြင့် အီးမေးလ်တွေဆိုတာ အလုပ်ချိန်အတွင်းမှာလဲ ဝင်သလို အလုပ်ချိန်ပြင်ပမှာလဲ အလုပ်နဲ့သက်ဆိုင်တဲ့ အီးမေလ်းတွေကတော့ ဝင်နေတာပါဘဲ။ ဒါပေမယ့် အလုပ်ချိန်ပြင်ပ မှ ရောက်လာတဲ့ အီးမေးလ်တွေကို ခေါင်းထဲထည့်စဉ်းစား ဖို့မလိုတော့တဲ့ ဥပဒေကို ပြင်သစ်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အလုပ်ချိန်လွန်မှ ရောက်လာတဲ့ အီးမေးလ်တွေကို နောက်တစ်နေ့ အလုပ်ချိန်အတွင်းမှာဘဲ ဖတ်ပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်နိုင်ပါတယ်။ ဒါဟာ နေ့စဉ် အီးမေးလ်များစွာနဲ့အလုပ်လက်ခံနေရသူတွေ အတွက်ကတော့ သတင်းကောင်းပါဘဲ။ ဒါကြောင့် အလုပ်ချိန်ပြင်ပမှာ ဝင်လာတဲ့ အီးမေးလ်တွေကို ဖတ်ခြင်း မဖတ်ခြင်းဟာ ကိုယ့်ရဲ့ ရွေးချယ် ခွင့် ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ပတ်သတ်လာရင်လည်း လုပ်စရာမလိုတဲ့သဘောလဲ ဖြစ်ပါတယ်။ နောက်တစ်နေ့မှသာ ဆက်လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ ဘက်ကလဲ အီးမေးလ်တွေကို အလုပ်ချိန်အတွင်း အချိန်မှီ ပို့ဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ အလုပ်သမားတွေက သင့်ရဲ့ အီးမေးလ်တွေကို နောက်တစ်ရက်မှ ပေါင်းဖတ်ပြီး အလုပ်လုပ်ကြမှာ မို့လို့ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: