Home News လေထဲမှာ ဝဲပျံနိုင်တဲ့ ဘွန်ဇိုင်းပင်

လေထဲမှာ ဝဲပျံနိုင်တဲ့ ဘွန်ဇိုင်းပင်

0
လေထဲမှာ ဝဲပျံနိုင်တဲ့ ဘွန်ဇိုင်းပင်

ကြည့်လိုက်ရင်တော့ တစ်ကယ့်ကို အံ့သြစရာပါဘဲ။ တစ်ကယ်ပါ။ ဒါဟာ မျက်လှည့်မဟုတ်သလို လေထဲမှာ ဘွန်ဇိုင်းအပင်ငယ်လေး တွေကို စိုက်နိုင်မှာပါ။ ဂျပန်ပညာရှင်တစ်ယောက်က တီထွင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဝယ်ယူနိုင်ပါပြီ ဖြစ်ပါတယ်။ သံလိုက်ရဲ့သဘောတရားကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပြီး မျက်နှာပြင်နှစ်ဖက်လုံးမှာ သံလိုက်တွေ ပါဝင်တာဖြစ်ပါတယ်။ အောက်ခြေမျက်နှာပြင် သံလိုက်ဓာတ်အတွက်ကိုတော့ AC ပါ၀ါနဲ့ပေးပြီး သံလိုက်ဓာတ်ကို ထုတ်လွှင့်စေတာဖြစ်ပြီး အပေါ်ဘက်ခြမ်း အပင်ဘက်မျက်နှာပြင်ကနေ သံလိုက်အားလမ်း ကြောင်းတစ်ခုအနေနဲ့ တွန်းကန်စေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ လေထဲပျံဝဲနေတဲ့ ဘွန်ဇိုင်းပင် ငယ်လေးတွေကို စက်ဝိုင်းပုံစံ လေထဲမှာ လှည့်နိုင်ပါသေးတယ်။ အပင်ရဲ့အလေးချိန် ၃၀၀ ဂရမ်အထိ ခံနိုင်ရည်ရှိပါတယ်။ ဒီထက်ကြီးလာရင်တော့ အပင်ကိုပန်းအိုးထဲမှာဘဲ အောက်ချစိုက်ရမှာ ဖြစ်ပါတယ်။ ၃၀၀ ဂရမ်အလေးချိန်မရှိသေးတဲ့ အပင် ငယ်လေးတွေကိုတော့ လေထဲမှာ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါ demo video လေးမှာ လေ့လာနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: