
ကြားလိုက်ရင်တော့ အဆန်းကြီးပါဘဲ။ ကျနော်တို့နေ့စဉ်ဘဝမှာ အင်တာနက်စနစ်တွေနဲ့ အလုပ်လုပ်နေတာ တစ်ကယ့်ကို အချိန်ကုန်သက်သာစေပြီး အလုပ်ပိုမိုတွင်ကျယ်စေပါတယ်။ ဒါပေမယ့် အမေရိကန်ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်ထရမ့် ကတော့ ကွန်ပြူတာစနစ်နဲ့အလုပ်လုပ်တာကို သိပ်ကြိုက်ပုံမရပါဘူး။ ဒါကြောင့် ကွန်ပြူတာ စနစ်နဲ့ အချက်အလက်ပေးပို့မှုတွေကို လူတွေနဲ့ အစားထိုးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အကြောင်းရင်းက တော့ ကွန်ပြူတာစနစ်တွေဟာ ဟက်ကာတွေကြောင့် မလုံခြုံဘူး၊ စိတ်ချရမှုမရှိဘူးလို့ ထရမ့်ကပြောခဲ့ပါတယ်။ ထရမ့်ကတော့ ” ကျနော်က ကွန်ပြူတာစနစ်တွေထက် လူတွေကို ပိုယုံကြည်တယ် ” လို့ပြောခဲ့ပါတယ်။ ဒါတွေကို လူနဲ့သာ အစားထိုးဖြစ်ခဲ့ ရင် လုပ်ငန်းဆောင်ရွက်ချက်တွေက ပိုမိုကြန့်ကြာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်က စဉ်းစားရင် လူနဲ့လည်း ဘယ်လို ယုံကြည်ရမှာလဲဆိုတာ စဉ်းစားစရာပါ။ အရေးကြီးအချက်အလက်တွေပါဝင်တဲ့ memory stick တစ်ချောင်းကို အင်တာနက် စနစ် အသုံးမပြုဘဲ လူနဲ့ပို့ခိုင်းမယ်ဆိုရင်လည်း ကြားထဲမှာ ဒီအချက်အလက်တွေဟာ ခိုးယူခံထိနိုင်ပါသေး တယ်။ လူက ရော ယုံကြည်ရပါ့မလားဆိုတာကတော့ ထရမ့်ကို ပြန်လည် မေးခွန်းထုတ်ရမှာပါ။ ဒါပေမယ့် ဒီအဆိုကတော့ လက်တွေ့မှာ ဖြစ်လာမယ်လို့ မထင်ကြဘူး။ ထရမ့်က ဒါဆို ပြောင်းလဲချင်တယ်လို့ဘဲ ပြောခဲ့တာဖြစ်ပြီး တစ်ကယ်ဖြစ်လာ မလားဆိုတာကတော့ ထရမ့် အနေနဲ့တရားဝင် အမေရိကန်နိုင်ငံရဲ့သမ္မတ ဖြစ်လာတဲ့အချိန်ကျမှဘဲ စောင့်ကြည့် ရတော့မှာ ဖြစ်ပါတယ်။
Source :The Next Web