Home News ဘရာဇီးဆေးရုံတွင် လူနာများအား စိတ်ပျော်ရွှင်နိုင်ရန် ခွေးများထားရှိ

ဘရာဇီးဆေးရုံတွင် လူနာများအား စိတ်ပျော်ရွှင်နိုင်ရန် ခွေးများထားရှိ

0
ဘရာဇီးဆေးရုံတွင် လူနာများအား စိတ်ပျော်ရွှင်နိုင်ရန် ခွေးများထားရှိ

ဘရာဇီးဆေးရုံတစ်ခုကတော့ လူနာတွေရဲ့ စိတ်ပျော်ရွှင်မှု၊ ကျေနပ်မှုတွေ ရရှိဖို့ စိတ်ပိုင်းဆိုင်ရာ ကုထုံးအဖြစ် ခွေးများနဲ့ စမ်းသပ်နေပါတယ်။ အဆိုပါ ခွေးများဟာ လူနာတွေနဲ့ အချိန်ပိုင်းနေထိုင်ပေးစေပြီး လူနာများနဲ့အတူ အိပ်စက်ခြင်း၊ ကစားခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကင်ဆာဝေဒနာခံစားနေရသူများ အတွက်ဖြစ်ပါတယ်။ စမ်းသပ်မှုများ အရ ကင်ဆာဝေဒနာရှင်တစ်ယောက်ကတော့ ၃လအတွင်း အခြေအနေတိုးတက်မှုရှိတယ်လို့ ပြောပါတယ်။ အဆိုပါ ပရောဂျက်ကို လွန်ခဲ့သော ၅လ ခန့်က စခဲ့ပြီး စေတနာရှင် လူပေါင်း ၆၀ ခန့်နဲ့စခဲ့တယ်လို့ သိရှိရပါတယ်။ ခွေးတွေရဲ့ ကျန်းမာရေး နဲ့ ကိုယ်ခံစွမ်းအားတွေကို ဆေးရုံက စမ်းသပ်ပြီးမှ ခွေးကို ဆေးရုံက လက်ခံတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွေးဟာ ကျန်းမာရေးကောင်းရုံနဲ့မရသေးပါဘူး။ လူကို ကိုက်ခဲခြင်းမရှိဘဲ ရင်းနှီးဖော်ရွေ တဲ့ ခွေးမျိုးကိုဘဲ လက်ခံတာဖြစ်ပါတယ်။

Source :Fox News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: