Home News အမေရိကန်လျှပ်စစ်ဌာန တစ်ခုတွင် ရုရှားမှ Malware ဖြင့် ထိန်းချုပ်ထားခြင်းခံရသော Laptop တစ်လုံးတွေ့ရှိ

အမေရိကန်လျှပ်စစ်ဌာန တစ်ခုတွင် ရုရှားမှ Malware ဖြင့် ထိန်းချုပ်ထားခြင်းခံရသော Laptop တစ်လုံးတွေ့ရှိ

0
အမေရိကန်လျှပ်စစ်ဌာန တစ်ခုတွင် ရုရှားမှ Malware ဖြင့် ထိန်းချုပ်ထားခြင်းခံရသော Laptop တစ်လုံးတွေ့ရှိ

အမေရိကန် နဲ့ ရုရှားတို့ရဲ့ အားပြိုင်မှုဟာ ပိုမိုမြင့်တက်လာပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားဟက်ကာတွေ ကြောင့် မဲစနစ်တွေမှားယွင်းခဲ့တယ်လို့ အမေရိကန်က ရုရှားကို စွပ်စွဲလိုက်သလို ဒီအပတ်ထဲမှာဘဲ ရုရှား သံရုံးက အရာရှိ (၃၅) ယောက်ကိုလည်း  အမေရိကန်နိုင်ငံကနေ ၇၂နာရီအတွင်း ထွက်သွားဖို့ ပြည်နှင်ဒဏ်လဲ ပေးခဲ့ ပါသေးတယ်။ အခုလဲ ဘာလန်တန် လျှပ်စစ်ဌာန တစ်ခုမှာ Malware ကပ်ငြိနေတဲ့ Laptop တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီ Malware ကနေတစ်ဆင့် ရုရှားဟက်ကာအုပ်စုတွေဆီကို အချက်အလက်တွေ ပေးပို့နေတာဖြစ်ပါတယ်။ ၀ါရှင်တန်ပိုစ့်ရဲ့ အဆိုအရ အမေရိကန်နိုင်ငံရဲ့ လျှပ်စစ်ပေးတဲ့စနစ်တွေ ၊ စာရင်းတွေနဲ့ အချက်အလက်တွေကို ရုရှားတွေက Malware ကိုအသုံးပြုပြီး တိုက်ခိုက်ခိုးယူနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်၍များ အချက်အလက်အားလုံးနဲ့ လည်ပတ်မှုစနစ်ကို ရုရှားကသာ အားလုံးသိရှိခဲ့ရင် အမေရိကန်နိုင်ငံရဲ့ လျှပ်စစ်မီးပေးဝေတဲ့စနစ်ကို အဝေးကနေ ထိန်းချုပ်ဖျက်စီးနိုင်စွမ်းရှိမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ Malware ကပ်ငြိနေတဲ့ Laptop ကို ပြည်နယ်အစိုးရထံ ပေးပို့ထားတယ်လို့ သိရပါတယ်။

Source : Hackread

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: