Home How To ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းသောနည်းလမ်းများ

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းသောနည်းလမ်းများ

0
ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်းသောနည်းလမ်းများ

ကိုယ်ဝန်ရှိစမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြပါတယ်။ အမျိုးသမီးတိုင်းမဟုတ်ပေမဲ့ တော်တော်များများမှာ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်တဲ့ ပျို့ချင်အန်ချင်တာကို လွယ်ကူစွာ ဖြေရှင်းနိုင်မဲ့ နည်းလမ်းတချို့ ရှိနေပါတယ်။

ဗိုက်ထဲမှာ အစာရှိနေပါစေ

ကိုယ်ဝန်ရှိစမှာ အစာစားတဲ့အခါ ပြည့်တင်းလွန်းအောင် အလွန်အမင်းစားတာ၊ ဒါမှမဟုတ် အနည်းငယ်စားတာမျိုးမလုပ်ပါနဲ့။ ပျို့အန်ချင်တာမျိုးက မနက်ပိုင်းမှာ အဖြစ်များတာကြောင့် အိပ်ရာဘေးမှာ မုန့်တစ်ခုခုထားပြီး အိပ်ရာက ချက်ချင်းမထပဲ မုန့်ကိုစားပါ။ မုန့်စားပြီး ၂ဝမိနစ်ကြာသည့်တိုင်အောင် အိပ်ရာထဲမှနေပြီးမှ ထပါ။

ချင်း(ဂျင်း) စားပါ။

ချင်းက ပျို့အန်တာကို သက်သာစေတယ်ဆိုတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ လတ်ဆတ်တဲ့ ဂျင်းတွေကိုအစားအသောက်တွေထဲမှာ ထည့်သွင်းစားသောက်နိုင်ပါတယ်။ ချင်းလက်ဖက်ရည်နဲ့ ချင်းသကြားလုံးတွေကိုလည်း စားသုံးနိုင်ပါတယ်။

ရှောက်ရည် အသုံးပြုပါ

ရှောက်သီးကလည်း လူတော်တော်များများကို ပျို့အန်တာကို သက်သာစေပါတယ်။ အစာစားသုံးရာမှာ ရှောက်ရည် ညှစ်ပြီး စားသုံးနိုင်ပါတယ်။ ဖျော်ရည်ပြုလုပ်ပြီးတော့လည်း သောက်သုံးနိုင်ပါတယ်။

အေးအောင် လုပ်စားပါ

အစားအသောက်တွေရဲ့ အနံ့က ပျို့အန်ချင်စိတ်ဖြစ်အောင် အားပေးပါတယ်။ အေးအောင်ပြုလုပ်ထားတဲ့ အစားအစာတွေကအနံ့ကို စူးစူးရှရှ မထွက်စေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ ပူတင်းတွေကို စားပေးနိုင်ပါတယ်။ အသားတွေ၊ ငါးတွေနဲ့ ကြက်ဥတွေကို သင့်အနေနဲ့ စားဖို့ ဆန္ဒမရှိတဲ့အခါ အနည်းငယ် အေးအောင်ပြုလုပ်ပြီး စားသုံးကြည့်ပါ။

အဆီများတာတွေကို မစားပါနှင့်

အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေ၊ အစပ်ကဲတဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင်တွေမှာ ပျို့အန်တာတွေကို ပိုမို ဖြစ်စေတတ်တာကြောင့် ရှောင့်သင့်ပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို သေချာစွာ ချက်ပြုတ်စားသောက်တာက ပျို့အန်ခြင်းကို သက်သာစေပါတယ်။

Zawgyi font : ကိုယ္ဝန္ရွိစ ပ်ိဳ႕အန္သူမ်ားအတြက္ ႐ိုးရွင္းေသာနည္းလမ္းမ်ား

ကိုယ္ဝန္ရွိစမွာ ပ်ိဳ႕ခ်င္အန္ခ်င္ ျဖစ္တတ္ၾကပါတယ္။ အမ်ိဳးသမီးတိုင္းမဟုတ္ေပမဲ့ ေတာ္ေတာ္မ်ားမ်ားမွာ ခံစားရတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္တတ္တဲ့ ပ်ိဳ႕ခ်င္အန္ခ်င္တာကို လြယ္ကူစြာ ေျဖရွင္းႏိုင္မဲ့ နည္းလမ္းတခ်ိဳ႕ ရွိေနပါတယ္။

ဗိုက္ထဲမွာ အစာရွိေနပါေစ

ကိုယ္ဝန္ရွိစမွာ အစာစားတဲ့အခါ ျပည့္တင္းလြန္းေအာင္ အလြန္အမင္းစားတာ၊ ဒါမွမဟုတ္ အနည္းငယ္စားတာမ်ိဳးမလုပ္ပါနဲ႔။ ပ်ိဳ႕အန္ခ်င္တာမ်ိဳးက မနက္ပိုင္းမွာ အျဖစ္မ်ားတာေၾကာင့္ အိပ္ရာေဘးမွာ မုန႔္တစ္ခုခုထားၿပီး အိပ္ရာက ခ်က္ခ်င္းမထပဲ မုန႔္ကိုစားပါ။ မုန႔္စားၿပီး ၂ဝမိနစ္ၾကာသည့္တိုင္ေအာင္ အိပ္ရာထဲမွေနၿပီးမွ ထပါ။

ခ်င္း(ဂ်င္း) စားပါ။

ခ်င္းက ပ်ိဳ႕အန္တာကို သက္သာေစတယ္ဆိုတယ္ဆိုတာ သိၿပီးသားျဖစ္မွာပါ။ လတ္ဆတ္တဲ့ ဂ်င္းေတြကိုအစားအေသာက္ေတြထဲမွာ ထည့္သြင္းစားေသာက္ႏိုင္ပါတယ္။ ခ်င္းလက္ဖက္ရည္နဲ႔ ခ်င္းသၾကားလုံးေတြကိုလည္း စားသုံးႏိုင္ပါတယ္။

ေရွာက္ရည္ အသုံးျပဳပါ

ေရွာက္သီးကလည္း လူေတာ္ေတာ္မ်ားမ်ားကို ပ်ိဳ႕အန္တာကို သက္သာေစပါတယ္။ အစာစားသုံးရာမွာ ေရွာက္ရည္ ညႇစ္ၿပီး စားသုံးႏိုင္ပါတယ္။ ေဖ်ာ္ရည္ျပဳလုပ္ၿပီးေတာ့လည္း ေသာက္သုံးႏိုင္ပါတယ္။

ေအးေအာင္ လုပ္စားပါ

အစားအေသာက္ေတြရဲ႕ အနံ႔က ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ေအာင္ အားေပးပါတယ္။ ေအးေအာင္ျပဳလုပ္ထားတဲ့ အစားအစာေတြကအနံ႔ကို စူးစူးရွရွ မထြက္ေစတာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပ်ိဳ႕အန္တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒိန္ခ်ဥ္၊ ပူတင္းေတြကို စားေပးႏိုင္ပါတယ္။ အသားေတြ၊ ငါးေတြနဲ႔ ၾကက္ဥေတြကို သင့္အေနနဲ႔ စားဖို႔ ဆႏၵမရွိတဲ့အခါ အနည္းငယ္ ေအးေအာင္ျပဳလုပ္ၿပီး စားသုံးၾကည့္ပါ။

အဆီမ်ားတာေတြကို မစားပါႏွင့္

အဆီမ်ားတဲ့ အစားအစာေတြ၊ ဆီေၾကာ္စာေတြ၊ အစပ္ကဲတဲ့ အစားအစာေတြကို ကိုယ္ဝန္ေဆာင္ေတြမွာ ပ်ိဳ႕အန္တာေတြကို ပိုမို ျဖစ္ေစတတ္တာေၾကာင့္ ေရွာင့္သင့္ပါတယ္။ သစ္သီး၊ ဟင္းသီးဟင္း႐ြက္ေတြကို ေသခ်ာစြာ ခ်က္ျပဳတ္စားေသာက္တာက ပ်ိဳ႕အန္ျခင္းကို သက္သာေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: