Home Lifestyle Food အမျိုးသမီးများကို စွမ်းအားတိုးစေမယ့် အစားအစာများ

အမျိုးသမီးများကို စွမ်းအားတိုးစေမယ့် အစားအစာများ

0
အမျိုးသမီးများကို စွမ်းအားတိုးစေမယ့် အစားအစာများ

ငှက်ပျောသီး

ငှက်ပျောသီးကို စွမ်းအားတိုးစေတဲ့ အကောင်းဆုံးအစားအစာလို့ဆိုလိုက်ရင် မှားမယ်မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီအုပ်စု၊ ဘရိုမီလင်အင်ဇိုင်းတွေပါဝင်တာကြောင့် စွမ်းအားတွေကို တိုးပွားစေပါတယ်။

banana-all

ထောပတ်သီး

ထောပတ်သီးရဲ့ ပုံသဏ္ဌာန်က သူ့ထဲမှာ ပါဝင်တဲ့ အာနိသင်တွေကို ဖော်ပြနေပါတယ်။ ဗီတာမင်B6နဲ့ ပိုတက်ဆီယမ်တွေ ကြွယ်ဝတဲ့ ထောပတ်သီးကို စားသုံးပေးပါက သင့်စွမ်းအင်ကို တိုးပွားစေပြီး နိုးကြားတက်ကြွစေပါတယ်။

avocado

ငရုတ်သီး

ငရုတ်သီးရဲ့ ပူစပ်တဲ့ သဘာဝက သင့်ခန္ဓာကိုယ်တွင်းမှာ အင််န်ဒေါ်ဖင်ဟော်မုန်းဓာတ်ကို ထွက်စေပြီး စွမ်းအားတွေကို တိုးပွားစေပါတယ်။

chilies

ကြက်ဥ

ကြက်ဥမှာ မယုံနိုင်လောက်တဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။ ကြက်ဥဟာ မျိုးအောင်စေနိုင်တယ်ဆိုတဲ့ သင်္ကေတတစ်ခုကိုသာမကပဲ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျော့ချပေးတဲ့ ဗီတာမင် B5၊ ဗီတာမင်B6တွေ ပေါကြွယ်ဝစွာပါဝင်ပါတယ်။

egg

ကန်စွန်းဥ

ကန်စွန်းဥဟာ သင့်ကျန်းမာရေးအတွက် စားသုံးဖို့ အသင့်တော်ဆုံး အစားအစာတစ်ခုဖြစ်သလို အကောင်းဆုံးစွမ်းအင်တွေကိုလည်းပေးစွမ်းနိုင်ပါတယ်။ ကန်စွန်းဥမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲသွားပြီး ယောနိလမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ဟော်မုန်းထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

sweet-potato

ချောကလက်

ချောကလက်ရဲ့ အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလိုမျိုးမခံစားရရင်တော့ သင်စားတဲ့ ချောကလက်က ဓာတုပစ္စည်းနဲ့ ပြုလုပ်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ သီရိုဘရိုမင်းဓာတ်တွေ ပါဝင်ပြီး စိတ်ခံစားမှုကောင်းစေတဲ့ စီရိုတိုနင်ဟော်မုန်းကို ခန္ဓာကိုယ်ကနေ ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

Chocolate

၀ိုင်နီ

သုတေသီတွေက ၁၈နှစ်နဲ့ ၅ဝနှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်ရက်ကို ၀ိုင်နီနှစ်ခွက်သောက်တဲ့ အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေးစွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

red0wine

နေကြာစေ့

ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့ အာနိသင်တွေရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်တော်တဲ့ အဆီတွေပါဝင်တာကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်ကို တိုးပွာေးစပါတယ်။

sunflower-seeds

ငါး

အဆီများတဲ့  ငါးတွေကို စားသုံးတာက သင့်ကို စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေ တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ထရောက်ရေချိုငါးတွေမှာ အိုမီဂါသရီး အဆီတွေပါဝင်ပါတယ်။ အမျိုးသမီးတွေမှာ လိုအပ်တဲ့ အဆီပမာဏရှိပါမှ သားသမီးရဖို့ အခွင့်အလမ်းများမှာ ဖြစ်ပါတယ်။

fish

နွားနို့

စွမ်းဆောင်ရည်ရှိတဲ့ မိန်းမတစ်ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ထိန်းသိမ်းထားနိုင်အောင် နို့သောက်ပေးပါ။ နွားနို့မှာ ပါဝင်တဲ့ အဆီတွေက သဘာဝပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။

milk

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: