
အရင်ကတော့ ရေအောက်မှာ သွားလို့ရတာ ရေငုပ်သင်္ဘောတွေ ဖြစ်ခဲ့ပေမယ့် အခုတော့ သင်ကိုယ်တိုင် ကားတစ်စီးမောင်းနှင်လို့ရမယ့် ရေငုပ်ယာဉ်ငယ်လေး တီထွင်လိုက်နိုင်ပါပြီ။ မောင်းနှင်ရတာလည်း လွယ်ကူပြီး ကားမောင်း တဲ့အတိုင်းဘဲ ဖြစ်ပါတယ်။ လူနှစ်ယောက်စီးနင်းလိုက်ပါနိုင်ပြီး ရေပေါ်မှာလဲ ပေါလော ပေါ်နိုင်ပါသေးတယ်။ သာမန်အားဖြင့် ရေငုပ်သင်္ဘောတစ်စီး မောင်းနှင်ဖို့ အတွေ့အကြုံများစွာလိုအပ်ပြီး ရေအောက်ထဲမှာ မောင်းနှင်နိုင်ဖို့ အချိန် နှစ်နဲ့ချီပြီး လေ့ကျင့်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ရေငုပ်သင်္ဘောအသေးစားလေးကတော့ အချိန်ပိုင်းလေ့လာရုံနဲ့ တင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ ဘေးဘယ်ညာကိုလည်း လွယ်ကူစွာကွေ့နိုင်ပါတယ်။ ရေငုပ် သင်္ဘောအကြီးစားတွေမှာ ချက်ချင်း ဘေးဘယ်ညာ ကွေ့ချလို့မရပါဘူး။ ရေအောက် အနက်ပေ ၄ဝဝခန့်ထိ ငုပ်နိုင်မှာ ဖြစ်ပြီး ရေအောက်မှာရှိတဲ့ သဘောဝအလှတစ်ရားတွေကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ အဆိုပါ ရေငုပ်ယာဉ်ငယ်ဟာ အမေရိကန် ဒေါ်လာ ၁.၅ မီလီယံ တန်ဖိုးရှိပါတယ်။ သရုပ်ပြထားတာကိုတော့ အောက်ပါ video ထဲမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။