
သတင်းတွေကတော့ ရုတ်တရုတ်ဖတ်လိုက်ရရင် ရယ်စရာလို ဖြစ်နေပေမယ့် ဒါဟာ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအတွက် တစ်စိတ်တစ်ဒေသ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ အကယ်၍များ သင်ဟာ အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်တော့ မယ်ဆိုရင် သင့်ရဲ့ လူမှုကွန်ရက်အကောင့်တွေရဲ့ အချက်အလက်တွေကို ပေးရမှာ ဖြစ်ပါတယ်။ Facebook နဲ့ Twitter အကောင့်တို့ရဲ့ အချက်အလက်တွေကို တောင်းယူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Password ကိုတော့ ပေးစရာမလိုပါဘူး။ သင့် အကောင့်မှာပေးထားတဲ့ နာမည်၊ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ status တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ အကယ်၍များ မသင်္ကာစရာ တစ်ခုခုတွေ့ခဲ့ရင်တော့ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီနည်းစနစ်ဟာ အလုပ်ဖြစ်ရဲ့လားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။