Home News အိုဘားမား မှ ရုရှားသံရုံးအရာရှိ (၃၅) ဦးအား အမေရိကန် နိုင်ငံအတွင်းမှ (၇၂) နာရီအတွင်း ထွက်သွားရန် ပြည်နှင်ခွင့်ချမှတ်

အိုဘားမား မှ ရုရှားသံရုံးအရာရှိ (၃၅) ဦးအား အမေရိကန် နိုင်ငံအတွင်းမှ (၇၂) နာရီအတွင်း ထွက်သွားရန် ပြည်နှင်ခွင့်ချမှတ်

0
အိုဘားမား မှ ရုရှားသံရုံးအရာရှိ (၃၅) ဦးအား အမေရိကန် နိုင်ငံအတွင်းမှ (၇၂) နာရီအတွင်း ထွက်သွားရန် ပြည်နှင်ခွင့်ချမှတ်

အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲလားလို့ထင်မှတ်စရာရှိပါတယ်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမား က ရုရှား သံရုံးအရာ ရှိ (၃၅) ဦးအား အမေရိကန်နိုင်ငံအတွင်းကနေ ၇၂နာရီ အတွင်း ထွက်ခွာဖို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ရုရှားအရာရှိများဆုံတွေ့လေ့ရှိတဲ့ နေရာ ၂ခုကိုလည်း ပိတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲကိစ္စမှာ ရုရှားတို့မှ ဟက်ကာများဖြင့် နှောင့်ယှက်ခဲ့တယ်လို့ဖြစ်ပါတယ်။ ရုရှားဘက်ကနေ ဒေါ်နယ်ထရမ့် အနိုင်ရအောင် မဲပေးသည့်စနစ်အား နှောင့်ယှက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ရုရှားဘက်ကတော့ ဒါဟာ မဟုတ်မမှန် စွပ်စွဲချက်သာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရုရှားဘက်ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘဲ တန်ပြန်တုံ့ပြန်မှုတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရုရှားကနေ အမေရိကန် ကိုလည်း ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Source: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: