
လူရယ်လို့ဖြစ်လာရင် ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်။ ကျောင်းနေအရွယ်သိတတ်စ ကာလကစပြီး မိမိကျင်လည်တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ကာ စိတ်ကူးမျှော်လင့်ချက်တွေ မွေးဖွားလာတတ်ကြပါတယ်။ တစ်ချို့လည်းမိမိရဲ့စိတ်ကူးမျှော်လင့်ချက်တွေကို အကောင်အထည်ဖေါ်နိုင်ခဲ့ ကြသလို အများစုကတော့ ထင်သလောက် ခရီးမပေါက်နိုင်ကြပါဘူး။ မိမိရည်မှန်းချက်တွေ ထင်သလောက် ခရီးမပေါက်နိုင်တဲ့အခါ ရည်မှန်းချက်တွေဟာလည်း သေးသထက်သေးလာကာ သာမန်လူတစ်ယောက်ရဲ့ ဘဝကိုရောက်မှန်းမသိရောက်လာပါတော့တယ်။
မနက်အိပ်ရာထမယ်။ အလုပ်သွားမယ်။ ငွေရှာမယ်။ မိမိရဲ့ နိစ္စဓူဝတွေနဲ့ ပုံမှန်စခန်းသွားမယ်။ ဘာမှထူးထူးခြားခြား မနေ့ကနဲ့မတူအောင် တွေးတာတွေလည်း မရှိတော့ဘူး။ ဒါဆိုရင်တော့ သင်က အများသူငါလိုပဲ သာမန်လူတစ်ယောက်ရဲ့ ဘဝမှာ ရှင်သန်ပျော်ပိုက်နေပါပြီ။ တကယ်တော့ သာမန်ဘဝထက်သာလွန်ကောင်းမွန်တဲ့ ဘဝအခြေအနေမျိုးလည်း ရှိနေပါသေးတယ်။ ဒီဘဝမျိုးကလည်း မိတ်ဆွေနဲ့ရော၊ ဘယ်သူနဲမဆို ထိုက်တန်ပါတယ်။ ဘယ်သူမဆို လိုချင်ခဲ့မယ်ဆိုရင်ပေါ့။ တကယ်သာ သင်လိုချင်ရင် သင်လုပ်ရမယ့် အလုပ်တွေကို အကြံပြုပါရစေ။
(၁) သင်လုပ်ခဲ့တာတွေအကောင်း၊အဆိုး သင့်ကိုသင် နေ့စဉ်ဝေဖန်သုံးသပ်ပါ။
(၂) တစ်နေ့ကို စာအုပ်တစ်အုပ်ရဲ့ တစ်ခန်းလောက်တော့ အနည်းဆုံးဖတ်ပါ။
(၃) အကြာကြီးလုပ်ပြီးရင် အနည်းဆုံးနာရီဝက်နားပါ။ ဒါမှ ရွှင်ရွှင်လန်းလန်းနဲ့ ရှေ့ကိုမြန်မြန်ခရီးဆက်နိုင်မယ်။
(၄) ည ၁၀ နာရီနောက်ပိုင်း မှာ ဒစ်ဂျစ်တယ်နဲ့ပတ်သက်တဲ့ အရည်မရအဖတ်မရတာတွေကို ရှင်းလိုက်ပါ။
(၅) နေ့စဉ်အသစ်အဆန်းတစ်ခုခုကို လေ့လာသင်ယူဖြစ်အောင် မိမိကိုယ်မိမိစိန်ခေါ်ပါ။
(၆) တစ်နေ့မှာပန်းတိုင်သေးသေးတစ်ခုစီချမှတ်ပြီး အောင်မြင်ပြီးမြောက်အောင်လုပ်ပါ။ ဥပမာ ည ၁၁နာရိမထိုးမီအိပ်ရာဝင်ဖိုက ပန်းတိုင်သတ်မှတ်တယ်ဆိုရင် ဖြစ်အောင်အိပ်ရာဝင်ပါ။
(၇) သီတင်းပတ်တိုင်း အလုပ်နဲ့မပတ်သက်တဲ့ အသစ်အဆန်းတစ်ခုခုကိုသင်ယူပါ။
(၈) သင့်ပတ်ဝန်းကျင်မှာ သင်နဲ့ရည်မှန်းချက်တူသူတွေနဲ့သာ ၀ိုင်းရံနေပါစေ။
(၉) သင့်ရဲ့ နေ့စဉ်အောင်မြင်မှုအတွက် သင့်ကိုယ်သင် နေ့စဉ်ချီးမြှောက်ပါ။
သာမန်ဘဝထဲကရုန်းထွက်နိုင်ပြီး လောကအကျိုး သယ်ပိုးနိုင်ပါစေ။