Home Lifestyle Food စင်ကာပူစတိုင်လ် ပြည်ကြီးငါးပေါင်း ဘယ်လိုချက်မလဲ

စင်ကာပူစတိုင်လ် ပြည်ကြီးငါးပေါင်း ဘယ်လိုချက်မလဲ

0
စင်ကာပူစတိုင်လ် ပြည်ကြီးငါးပေါင်း ဘယ်လိုချက်မလဲ

ဒီနေ့ ရုံးပိတ်ရက် အားလပ်ရက်လေးမှာ ဆန်းသစ်မြန်မာ စာဖတ်ပရိသတ်ကြီးအတွက် အပျင်းလည်းပြေ၊ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင်လည်း ချက်စားနိုင်ဖို့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ စင်ကာပူစတိုင်လ် ပြည်ကြီးငါးပေါင်းကို ရွေးချယ်ပေးထားပါတယ်။ ကဲ စားချင်စဖွယ် အရောင်အဆင်းနဲ့ မွှေးပျံ့လှတဲ့ ဒီဟင်းလျာလေးကို စမ်းသပ်ချက်ပြုတ်ပြီး မြည်းစမ်းကြည့်ကြရအောင်လားရှင်။

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး နှစ်ဆယ်ကျပ်သား၊

မဆလာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ငရုတ်သီးစိမ်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပဲငပိအစပ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဆားအနည်းငယ်

ချင်းနုနု ၂ စင်တီမီတာ အရွယ်ခန့် တစ်တုံး (အခွံနွှာ၍ နုပ်နုပ်စင်းထားပါ။)

ကြက်သွန်ဖြူ အမွှာကြီး သုံးမွှာ(နုပ်နုပ်စင်းထားပါ)

ကြက်သွန်မြိတ် ပါးပါးလှီး နှစ်ပင်

ငရုတ်ကောင်စေ့အစိမ်း လက်ဖက်ရည်ဇွန်းတစ်ဝက် (ဓားနှောင့်ဖြင့် ထုထားပါ)

ငရုတ်သီးစိမ်းအနီ သုံးတောင့်

ချက်ပြုတ်နည်း

၁။ ရှေးဦးစွာ ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်များကို ရေစင်အောင်ဆေးပြီး အညစ်အကြေးများ ထုတ်ပစ်ပါ။ ပြည်ကြီးငါး အသားပေါ်တွင် ထောင့်ဖြတ်သဏ္ဌာန် ဓားမွှန်းရာများ ပြုလုပ်ပါ။ ပြီးလျှင် တစ်ကိုက်စာအရွယ် အတုံးလေးများ တုံးထားပါ။

၂။ ပြည်ကြီးငါး အတုံးလေးများကို ဆား၊ ကော်မှုန့်တို့ဖြင့် နှံ့အောင် နယ်ပါ။

၃။ ပြီးလျှင် ပါဝင်ပစ္စည်းအကုန်ရောထည့်ကာ ၀ါးပေါင်ချောင်ထဲ ထည့်၍ ရေနွေးဆူဆူဖြင့် သုံး-လေးမိနစ်ခန့် ပေါင်းပြီးပါက သုံးဆောင်နိုင်ပါပြီရှင်။ ထမင်းဖြူနွေးနွေးနှင့် တွဲဖက်သုံးဆောင်ပါက အလွန်လိုက်ဖက်လှပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: