Home Lifestyle Health ဆီးသွားတဲ့အခါ မသက်မသာ ခံစားနေရသလား

ဆီးသွားတဲ့အခါ မသက်မသာ ခံစားနေရသလား

0
ဆီးသွားတဲ့အခါ မသက်မသာ ခံစားနေရသလား

သင့်အနေနဲ့ ဆီးသွားတဲ့အခါ မသက်မသာဝေဒနာတွေကို ခံစားနေရတာက ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းစတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးသွားတဲ့အခါ မသက်မသာဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်ပါ။

ခံစားရတတ်သော လက္ခဏာများ

ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း ဒါမှမဟုတ် ဆီးကျဉ်ခြင်း

ဆီးအနံ့မကောင်းခြင်း၊ ဆီးထဲ သွေးပါခြင်းနဲ့ ဆီးအရောင် ပြောင်းလဲခြင်း၊

ဖျားခြင်း ဒါမှမဟုတ် ချမ်းတုန်ခြင်း

အစာစားချင်စိတ် နည်းခြင်း ဒါမှမဟုတ် အလုပ်လုပ်ချင်စိတ်နည်းခြင်း၊

ပျို့ချင် အန်ချင် ဖြစ်ခြင်းနဲ့ ပျို့အန်ခြင်း၊

ခါးအောက်ပိုင်း နာကျင်ခြင်းနဲ့ ဗိုက်နာခြင်း၊

အိုးနဲ့ ရှူးသွားတတ်အောင် လေ့ကျင့်ပေးထားတဲ့ ကလေးတွေမှာ ဘောင်းဘီထဲမကြာခဏ သေးစိုနေခြင်း

ဘာလုပ်သင့်သလဲ

ကလေးဟာ ဆီးသွားတိုင်း ငိုုကြွေးနေရင် ဒါမှမဟုတ် ဆီးမသွားနိုင်ရင် ဆရာဝန်နဲ့ ပြပါ။

ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သေချာ လိုက်နာပါ။

ရေများများ သောက်ပေးဖို့ လိုအပ်သလို ဆီးလမ်းကြောင်း ပိုးသေစေဖို့ သစ်သီးဖျော်ရည် သောက်ပေးပါ။

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိ စစ်ဆေးပေးဖို့ လိုပါတယ်။

ကာကွယ်မှု

မျိုးပွားအင်္ဂါတစ်ဝိုက်မှာ အနံ့မွှေးတဲ့ ဆပ်ပြာ ဒါမှမဟုတ် အမြုပ်ထားတဲ့ ဆပ်ပြာမျိုးကို မသုံးသင့်ပါ။ ပျော့ပျောင်းတဲ့ ဆပ်ပြာ ဒါမှမဟုတ် ကြက်သီးရေနွေးနဲ့ ဆေးကြောပေးသင့်ပါတယ်။

စိုထိုင်းထိုင်း ဖြစ်နေတဲ့၊ စိုစွတ်နေတဲ့ ဘောင်းဘီနဲ့ ကလေးသုံး ကတ်ခွာဘောင်းဘီတို့ကို ချက်ချင်းလဲပါ။

ကလေးတွေကို ဆီးသွားချင်စိတ်ဖြစ်ပေါ်တိုင်း ဆီးသွားပေးဖို့ သတိပေးပါ။

မိန်းကလေးတွေအနေနဲ့ ဆီး၊ဝမ်းသွားပြီးတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ သုတ်ပေးဖို့ လိုအပ်ပါတယ်။

Zawgyi Font : ဆီးသြားတဲ့အခါ မသက္မသာ ခံစားေနရသလား

သင့္အေနနဲ႔ ဆီးသြားတဲ့အခါ မသက္မသာေဝဒနာေတြကို ခံစားေနရတာက ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ မ်ိဳးပြားအဂၤါတစ္ဝိုက္ ထိခိုက္ဒဏ္ရာရျခင္း၊ ဆီးလမ္းေၾကာင္း ေက်ာက္တည္ျခင္းစတဲ့ အေၾကာင္းရင္းတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဆီးသြားတဲ့အခါ မသက္မသာျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းကေတာ့ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္းေၾကာင့္ပါ။

ခံစားရတတ္ေသာ လကၡဏာမ်ား

ဆီးသြားတဲ့အခါ ပူစပ္ပူေလာင္ျဖစ္ျခင္း ဒါမွမဟုတ္ ဆီးက်ဥ္ျခင္း

ဆီးအနံ႔မေကာင္းျခင္း၊ ဆီးထဲ ေသြးပါျခင္းနဲ႔ ဆီးအေရာင္ ေျပာင္းလဲျခင္း၊

ဖ်ားျခင္း ဒါမွမဟုတ္ ခ်မ္းတုန္ျခင္း

အစာစားခ်င္စိတ္ နည္းျခင္း ဒါမွမဟုတ္ အလုပ္လုပ္ခ်င္စိတ္နည္းျခင္း၊

ပ်ိဳ႕ခ်င္ အန္ခ်င္ ျဖစ္ျခင္းနဲ႔ ပ်ိဳ႕အန္ျခင္း၊

ခါးေအာက္ပိုင္း နာက်င္ျခင္းနဲ႔ ဗိုက္နာျခင္း၊

အိုးနဲ႔ ရွဴးသြားတတ္ေအာင္ ေလ့က်င့္ေပးထားတဲ့ ကေလးေတြမွာ ေဘာင္းဘီထဲမၾကာခဏ ေသးစိုေနျခင္း

ဘာလုပ္သင့္သလဲ

ကေလးဟာ ဆီးသြားတိုင္း ငိုုေႂကြးေနရင္ ဒါမွမဟုတ္ ဆီးမသြားႏိုင္ရင္ ဆရာဝန္နဲ႔ ျပပါ။

ဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ေသခ်ာ လိုက္နာပါ။

ေရမ်ားမ်ား ေသာက္ေပးဖို႔ လိုအပ္သလို ဆီးလမ္းေၾကာင္း ပိုးေသေစဖို႔ သစ္သီးေဖ်ာ္ရည္ ေသာက္ေပးပါ။

လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ရွိမရွိ စစ္ေဆးေပးဖို႔ လိုပါတယ္။

ကာကြယ္မႈ

မ်ိဳးပြားအဂၤါတစ္ဝိုက္မွာ အနံ႔ေမႊးတဲ့ ဆပ္ျပာ ဒါမွမဟုတ္ အျမဳပ္ထားတဲ့ ဆပ္ျပာမ်ိဳးကို မသုံးသင့္ပါ။ ေပ်ာ့ေပ်ာင္းတဲ့ ဆပ္ျပာ ဒါမွမဟုတ္ ၾကက္သီးေရေႏြးနဲ႔ ေဆးေၾကာေပးသင့္ပါတယ္။

စိုထိုင္းထိုင္း ျဖစ္ေနတဲ့၊ စိုစြတ္ေနတဲ့ ေဘာင္းဘီနဲ႔ ကေလးသုံး ကတ္ခြာေဘာင္းဘီတို႔ကို ခ်က္ခ်င္းလဲပါ။

ကေလးေတြကို ဆီးသြားခ်င္စိတ္ျဖစ္ေပၚတိုင္း ဆီးသြားေပးဖို႔ သတိေပးပါ။

မိန္းကေလးေတြအေနနဲ႔ ဆီး၊ဝမ္းသြားၿပီးတိုင္း အေရွ႕ဘက္မွ အေနာက္ဘက္သို႔ သုတ္ေပးဖို႔ လိုအပ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: