Home News ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့မှုပေးမည့် လူကယ်ပြန်ဝန်ကြီးဌာန

ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့မှုပေးမည့် လူကယ်ပြန်ဝန်ကြီးဌာန

0
ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့မှုပေးမည့် လူကယ်ပြန်ဝန်ကြီးဌာန

လာမယ့် ၂၀၁၇ ခုနှစ်ကစပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်ဆောင်ချိန်ကနေ ကလေး နှစ်နှစ်အရွယ်အထိ တစ်လကို ငွေကျပ် တစ်သောင်းခွဲ ထောက်ပံ့ပေးဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။အဲဒီအစီအစဉ်အရ လတ်တလောမှာ ချင်းပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေကို စတင်ထောက်ပံ့သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က ပြောပါတယ်။ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းများတဲ့ဒေသဖြစ်တာကြောင်း ဦးစားပေးရွေးချယ် တာဖြစ်တယ်လို့ ဒေါက်တာ စန်းစန်းအေး က ပြောပါတယ်။

ချင်းပြည်နယ်အတွက် ထောက်ပံ့မှုပြီးတဲ့နောက်မှာ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဆက်လက်ထောက်ပံ့ သွားမှာဖြစ်ပြီး တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ နာဂဒေသတို့က ထောက်ပ့ံမှုရရှိဖို့ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ လူတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်ကနေ အသက် ၂ နှစ်အရွယ်အတွင်းမှာ ဦးနှောက်ဉာဏ် အဖွံ့ဖြိုးဆုံးဖြစ် တာကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေ အာဟာရပြည့်ဝအောင် ထောက်ပံ့ပေးတာဖြစ်တယ်လို့ လည်းပြောပါတယ်။အဲဒီထောက်ပံ့မှု အစီအစဉ်အတွက် အသက်မွေးဝမ်းကြောင်းနဲ့ စားနပ်ရိက္ခာလုံခြုံရေးအဖွဲ့ LIFT က အမေရိ ကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့မှာဖြစ်ပြီး ဒေါ်လာ ၈ သန်းကို ထောက်ပံ့မှုမှာ အသုံးပြုမှာဖြစ်သလို ကျန်တဲ့ ၂ သန်းကိုအသုံးစရိတ်အဖြစ်အသုံးပြုသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ အဲဒီထောက်ပံ့မှုတွေကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတဆင့် ထောက်ပံ့ပေးမှာဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်မှာဖြစ်ပါတယ်လို့ RFA မြန်မာပိုင်းအစီအစဉ်က ပြောကြားခဲ့ပါတယ်။

Source : RFA Burmese

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: