
ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ် ယားယံခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ဘက်တီးရီးယားပိုးဝင်ခြင်း စတာတွေနဲ့ ကင်းဝေးနေစေဖို့ရာအတွက် အောက်ပါ နည်းလမ်းတွေကို လေ့လာပြီး လိုက်နာကျင့်သုံးကြည့်ပါလို့ အကြံပေးပါရစေလားရှင်။
အဝတ်အစားနှင့် သန့်ရှင်းမှု
ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။
တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီကို မဝတ်ပါနှင့်။
ကျပ်လွန်းတဲ့ ဘောင်းဘီရှည်၊ စကတ်အစား သက်သောင့်သက်သာရှိစေဖို့ ဘောင်းဘီရှည်၊ စကတ်တို့ကို ဝတ်ဆင်ပါ။
စိုစွတ်နေတဲ့ ရေကူးဝတ်စုံနဲ့ အားကစားဝတ်စုံတို့ကို ချက်ချင်းလဲပါ။
အတွင်းခံဘောင်းဘီတွေကို လျော်ဖွတ်တဲ့အခါ စင်ကြယ်အောင် ရေနဲ့ သေချာဆေးကြောပါ။ ရေကို သေချာညှစ်ပြီး နေပူပူမှာ လှန်းပါ။ ခြောက်သွေ့သွားတဲ့အခါ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေး
အိမ်သာသွားပြီး ရေဆေးသန့်စင်ပြီးတဲ့အခါတိုင်း နူးညံ့ပြီး အနံ့မပါတဲ့ အဖြူရောင် အိမ်သာသုံးစက္ကူနဲ့ ခြောက်သွေ့အောင် သုတ်ပေးပါ။
မိန်းမကိုယ် ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ယားယံခြင်းတို့ကို သက်သာစေဖို့ ကြက်သီးရေနွေးရေ ဒါမှမဟုတ် ရေအေးထဲမှာ စိမ်ပေးနိုင်ပါတယ်။
မိန်းမကိုယ်အင်္ဂါတစ်ဝိုက်မှာ ရှမ်ပူနဲ့ လျှော်တာမျိုး ရှောင်ပါ။ ခေါင်းလျှော်ရင်း ရှမ်ပူတွေကျသွားတာမျိုးလည်း မဖြစ်ပါစေနဲ့။
မိန်းမကိုယ်အတွင်းပိုင်းကို အမြုပ်ထတဲ့ ဆပ်ပြာရေ ဒါမှမဟုတ် အမွှေးနံ့သာတွေပါတဲ့ ဆပ်ပြာတွေနဲ့ မသန့်စင်ပါနဲ့။
မိန်းမကိုယ်အတွင်းပိုင်းကို ကြက်သီးရေနွေးရေ ဒါမှမဟုတ် ရေအေးနဲ့သာ သန့်စင်ဆေးကြောပါ။
ဆီးသွားပြီးတိုင်း မိန်းမကိုယ်ကို ဆေးကြောပေးပါ။
ဆီးသွားချင်တိုင်း ဆီးအိတ်ထဲဆီးမပြည့်ချင် ဆီးသွားပေးပါ။
ဝမ်းမချုပ်အောင် ဂရုစိုက်ပေးပါ။ ဝမ်းမချုပ်အောင် အစားအသောက်တွေထဲမှာ အမျှင်ဓာတ်ပါဝင်အောင် စားသုံးပြီး တစ်နေ့လျှင် ရေ (၈) ဖန်ခွက်အနည်းဆုံး သောက်ပေးပါ။
လစဉ်ရာသီလာတိုင်း ၁ဝဝရာခိုင်နှုန်းချည်သားနဲ့ လုပ်ထားတဲ့ လစဉ်သုံးဂွမ်းထုတ်သုံးပါ။
အိမ်ထောင်ရှိသူ အမျိုးသမီးတွေအနေနဲ့ လိင်ကိစ္စပြီးတိုင်း ဆီးသွားပြီး ရေအေးနဲ့ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများ
မိန်းမကိုယ်ပေါ်မှာ တိုက်ရိုက်ဖိအား သက်ရောက်စေတဲ့ စက်ဘီးစီးခြင်းနဲ့ မြင်းစီးခြင်းလိုမျိုး အားကစားတွေကို ရေရှည်မလုပ်သင့်ပါ။
လမ်းလျှောက်ခြင်း၊ ခပ်သွက်သွက်ပြေးခြင်းတို့လိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သင့်ပါတယ်။
စိတ်နဲ့ ခန္ဓာကိုယ်အား အနားရစေကာ အကြောပြေစေမဲ့ ယောဂလေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။
ကလိုရင်းအများအပြားခပ်ထားတဲ့ ရေကူးကန်ထဲမှာ ရေမကူးသင့်ပါ။
ရေပူစိမ်ခြင်းကို ရှောင်ပါ။
နေ့စဉ် နေထိုင်မှုပုံစံ
လုပ်ငန်းခွင်မှာ တစ်နေ့လုံး ထိုင်နေရမယ်ဆိုရင် အချိန်တစ်နာရီကြာတိုင်း လမ်းထလျှောက်ပေးပါ။
ဖုန်းပြောခြင်း၊ ရေသောက်ခြင်း၊ အိမ်သာသွားခြင်း စတဲ့ ကိစ္စတွေအတွက် လမ်းထလျှောက်ပေးနိုင်ပါတယ်။။