Home Knowledge အသက် (၂၅) နှစ်ကျော်ပြီဆိုရင်

အသက် (၂၅) နှစ်ကျော်ပြီဆိုရင်

0
အသက် (၂၅) နှစ်ကျော်ပြီဆိုရင်

စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

စိတ်ဖိစီးမှုက လူတိုင်းအပေါ်သက်ရောက်မှုမရှိပေမဲ့ တစ်ဦးနဲ့ တစ်ဦး တုံ့ပြန်မှုခြင်းကတော့ မတူပါဘူး။ ဖိအားများတဲ့ အခြေအနေမှာတော့ အာဟာရကို များများ မှီဝဲပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင် ဘီအုပ်စုပါဝင်တဲ့ အစာတွေကို စားပေးရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက်တာကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် ကြွက်သားတွေ ကိုက်ခဲနာကျင်တာ၊ စိတ်ကသိကအောက်ဖြစ်တာနဲ့ သွေးတိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို အရက်နဲ့တော့ မဖြေရှင်းပါနဲ့။ လူအများစုက စိတ်ဖိစီးမှုကို အရက်နဲ့ ဖြေရှင်းတတ်ပြီး ၃၅ရာခိုင်နှုန်းက အရက်ကြောင့် အန္တရာယ်ဖြစ်တတ်ပါတယ်။

အရိုးများ

အရိုးသိပ်သည်းဆ အကောင်းဆုံးအချိန်ဖြစ်တဲ့ အသက် ၂၅နှစ်အရွယ်မှာ နောင်ကာလတစ်လျောက်လုံး ပုံမှန် သန်စွမ်းမှုရှိစေဖို့ ပုံမှန် လမ်းလျှောက်ပေးရပါမယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ထိုက်ချိကျင့်တာလို လေ့ကျင့်ခန်းတွေက အရိုးပါးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အသက် ၂၅နှစ်ကျော်လာချိန်မှာ အမျိုးသမီးတွေ အားလုံးကို ကယ်လ်စီယမ်နဲပ ဗီတာမင် D3 မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ပါတယ်။

အသားအရေ

အသက် ၂ဝအရွယ်မှာတော့ အသားအရေက သိသိသာသာ ထိခိုက်ပျက်စီးမှုမရှိသေးပါဘူး။ နေရောင်ခြည်ဒဏ်ကို အလွန်အမင်းခံရရင်တော့-နေရောင်ကာခရင်မ်ကို မလိမ်းရင် အသားအရေက အရွယ်မတိုင်မှီ ပျက်စီးနိုင်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုကတော့ နံနက် ၁ဝနာရီနဲ့ ညနေ ၄နာရီအချိန်မှာောတ့ နေပူထဲမထွက်ဖို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် အီးကလည်း နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အရေပြားနီးမြန်းမှုကို လျော့ကျစေပါတယ်။ အင်တီအောက်ဆီးဒင့်တွေ ဖြစ်တဲ့ ကိုအင်ဇိုင်း ကျူ ၁၀၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဆီလီနီယမ်နဲ့ စပျစ်စေ့တွေဟာလည်း ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အရေပြားထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်း

အလုပ်များနေတာကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးအောင် စနစ်တကျလေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် ပုံမှန် လမ်းလျောက်ပေးပါ။ လမ်းလျှောက်ပေးတာက ကိုယ်နဲ့ စိတ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆကို ကောင်းစေတာ၊ နှလုံးသွေးကြောစနစ်ကျန်းမာစေတာ၊ ကိုယ်အလေးချိန်ထိန်းနိုင်တာ၊ အိပ်ရေးဝဝအိပ်ပျော်တာနဲ့ ပူပင်သောကတွေကို လျော့ချနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

Zawgyi Font : အသက္ (၂၅) ႏွစ္ေက်ာ္ၿပီဆိုရင္

စိတ္ဖိစီးမႈ ထိန္းခ်ဳပ္ျခင္း

စိတ္ဖိစီးမႈက လူတိုင္းအေပၚသက္ေရာက္မႈမရွိေပမဲ့ တစ္ဦးနဲ႔ တစ္ဦး တုံ႔ျပန္မႈျခင္းကေတာ့ မတူပါဘူး။ ဖိအားမ်ားတဲ့ အေျခအေနမွာေတာ့ အာဟာရကို မ်ားမ်ား မွီဝဲေပးသင့္ပါတယ္။ အထူးသျဖင့္ ဗီတာမင္ ဘီအုပ္စုပါဝင္တဲ့ အစာေတြကို စားေပးရင္ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းထြက္တာကို ေလ်ာ့က်ေစပါတယ္။ စိတ္ဖိစီးမႈကို မထိန္းခ်ဳပ္ႏိုင္ရင္ ႂကြက္သားေတြ ကိုက္ခဲနာက်င္တာ၊ စိတ္ကသိကေအာက္ျဖစ္တာနဲ႔ ေသြးတိုးတာေတြကို ျဖစ္ေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈကို အရက္နဲ႔ေတာ့ မေျဖရွင္းပါနဲ႔။ လူအမ်ားစုက စိတ္ဖိစီးမႈကို အရက္နဲ႔ ေျဖရွင္းတတ္ၿပီး ၃၅ရာခိုင္ႏႈန္းက အရက္ေၾကာင့္ အႏၲရာယ္ျဖစ္တတ္ပါတယ္။

အ႐ိုးမ်ား

အ႐ိုးသိပ္သည္းဆ အေကာင္းဆုံးအခ်ိန္ျဖစ္တဲ့ အသက္ ၂၅ႏွစ္အ႐ြယ္မွာ ေနာင္ကာလတစ္ေလ်ာက္လုံး ပုံမွန္ သန္စြမ္းမႈရွိေစဖို႔ ပုံမွန္ လမ္းေလွ်ာက္ေပးရပါမယ္။ ေျပးတာ၊ လမ္းေလွ်ာက္တာ၊ ေယာဂက်င့္တာ၊ ထိုက္ခ်ိက်င့္တာလို ေလ့က်င့္ခန္းေတြက အ႐ိုးပါးေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ အသက္ ၂၅ႏွစ္ေက်ာ္လာခ်ိန္မွာ အမ်ိဳးသမီးေတြ အားလုံးကို ကယ္လ္စီယမ္နဲပ ဗီတာမင္ D3 မွီဝဲဖို႔ ဆရာဝန္ေတြက ၫႊန္ၾကားတတ္ပါတယ္။

အသားအေရ

အသက္ ၂ဝအ႐ြယ္မွာေတာ့ အသားအေရက သိသိသာသာ ထိခိုက္ပ်က္စီးမႈမရွိေသးပါဘူး။ ေနေရာင္ျခည္ဒဏ္ကို အလြန္အမင္းခံရရင္ေတာ့-ေနေရာင္ကာခရင္မ္ကို မလိမ္းရင္ အသားအေရက အ႐ြယ္မတိုင္မွီ ပ်က္စီးႏိုင္ပါတယ္။ အေကာင္းဆုံး ကာကြယ္မႈကေတာ့ နံနက္ ၁ဝနာရီနဲ႔ ညေန ၄နာရီအခ်ိန္မွာောတ့ ေနပူထဲမထြက္ဖို႔ပဲ ျဖစ္ပါတယ္။

ဗီတာမင္ အီးကလည္း ေနေလာင္ဒဏ္ေၾကာင့္ ျဖစ္တဲ့ အေရျပားနီးျမန္းမႈကို ေလ်ာ့က်ေစပါတယ္။ အင္တီေအာက္ဆီးဒင့္ေတြ ျဖစ္တဲ့ ကိုအင္ဇိုင္း က်ဴ ၁၀၊ ဗီတာမင္ ေအ၊ စီ၊ အီး၊ ဆီလီနီယမ္နဲ႔ စပ်စ္ေစ့ေတြဟာလည္း ခရမ္းလြန္ေရာင္ျခည္နဲ႔ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေၾကာင့္ အေရျပားထိခိုက္မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

ေလ့က်င့္ခန္း လုပ္ျခင္း

အလုပ္မ်ားေနတာေၾကာင့္ ကိုယ္ခႏၶာႀကံ့ခိုင္ဖြံ႕ၿဖိဳးေအာင္ စနစ္တက်ေလ့က်င့္ခန္း မလုပ္ျဖစ္ရင္ေတာင္ ပုံမွန္ လမ္းေလ်ာက္ေပးပါ။ လမ္းေလွ်ာက္ေပးတာက ကိုယ္နဲ႔ စိတ္ကို က်န္းမာေစပါတယ္။ ဒါ့အျပင္ အ႐ိုးသိပ္သည္းဆကို ေကာင္းေစတာ၊ ႏွလုံးေသြးေၾကာစနစ္က်န္းမာေစတာ၊ ကိုယ္အေလးခ်ိန္ထိန္းႏိုင္တာ၊ အိပ္ေရးဝဝအိပ္ေပ်ာ္တာနဲ႔ ပူပင္ေသာကေတြကို ေလ်ာ့ခ်ႏိုင္တာ စတဲ့ အက်ိဳးေက်းဇူးေတြကို ရရွိေစပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: