Home Lifestyle Health ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ

ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ

0
ယမကာတစ်ခွက်ကို ပညာသားပါပါ ဘယ်လိုသောက်မလဲ

အရက်၊ဘီယာ တွေသောက်ရင် မူးတယ်ဆိုတာ လူတိုင်းသိကြပေမယ့် မတူညီတဲ့အရက်တစ်ခုခြင်းဆီမှာ မတူညီတဲ့တုံ့ပြန် မှုတွေနဲ့ သင့်ကို ခရီးရောက်စေတာဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူကတော့ မူးတယ်လို့ မခေါ်လိုပါဘူး။ ခရီးရောက် တယ်လို့ဘဲ သုံးနှုန်းတာပိုသင့်တော်မယ်လို့ ထင်ပါတယ်။ အယ်လ်ကိုဟော ရာခိုင်နှုန်းပါဝင်မှုအချိုးအစားနဲ့ ထုတ်လုပ်တဲ့ ကုန်ကြမ်းအပေါ်မူတည်ပြီး အရက်အမျိုးအစားကွဲပြားခြားနားသွားသလို ဘီယာဆိုလည်း ထို့နည်းတူစွာပါဘဲ။ ဒါပေမယ့် အရက် ဘီယာသောက်တယ်ဆိုတာ ပညာသားပါပါ သုံးဆောင်တတ်ဖို့လိုပါတယ်။ အရက်တစ်ခွက်ရဲ့ စည်းစိမ်ကို ပညာသား ပါပါ သောက်တတ်မှ ရမှာပါ။ ပိုက်ဆံတတ်နိုင်တိုင်း ပုလင်းထဲမှာရှိသမျှ အရက်အားလုံး သင့်တစ်ယောက်ထဲ တစ်ချိန်ထဲ တစ်ထိုင်ထဲ သောက်နိုင်တယ်လို့ ကြွေးကြော်နေရင်တော့ သင်ဟာ ယမကာရဲ့ စည်းစိမ်အပြည့်ကို ခံစားထိုက်တဲ့ သူမဟုတ်သေးပါဘူး။

၁။ ဘီယာသောက်ပြီးမှ အရက်သောက်သင့်သလား၊ ဒါမှမဟုတ် ရောသောက်သင့်လား။

ဒါကတော့ ရူးမိုက်မှုတစ်ခုပါဘဲ။ မြန်မာပြည်ကတော့ ဒါမျိုးကို နှစ်ပင်လိမ်တယ်လို့ခေါ်ပါတယ်။ ဘီယာဆိုရင် ဘီယာဘဲ သောက်တာ ပိုကောင်းသလို၊ အရက်ဆိုရင်လည်း အရက်သီးသန့်သာ သောက်သင့်ပါတယ်။ နှစ်မျိုးရောလိုက်တဲ့ အခါ သင် မဖြစ်ချင်တဲ့ ခံစားချက်မျိုး ရလာနိုင်ပါတယ်။ နှစ်မျိုးရောလိုက်တဲ့အခါ မတူညီတဲ့ သဘာဝနှစ်ခုကြောင့် သင့်ခန္ဓာကိုယ်ဟာ အခုမှ လက်တည့်စမ်းတဲ့ တီးဝိုင်းတစ်ခုမှာ သီချင်းကို နားထောင်နေရသလိုပါဘဲ။ မညီမျှတဲ့ စည်းချက်တွေ နဲ့အတူ သင့်ဦးနှောက်ကို အလုပ်ပိုလုပ်စေသလို ခုခံအားနည်းတဲ့အခါမျိုးမှာဆို အန်မှာ အသေချာပါဘဲ။ ဒါကြောင့် စိတ်ဓာတ်ပြတ်သားစွာနဲ့ တစ်ခုထဲသာ ရွေးချယ်ပါ။ ပညာသားပါပါ သောက်တဲ့သူ တစ်ယောက် ဖြစ်ပါစေ။

 

၂။ တက်ကွီလာ (Tequila) ကို ဘယ်လိုသောက်မလဲ။

နိုင်ငံခြားအရက်ဆိုပြီး ဇွတ်သောက်ဖို့ အတင်းမကြိုးစားပါနဲ့။ တက်ကွီလာ ကို အီသနောနဲ့အဓိက ပြုလုပ်ပြီး အရက် အပြင်း စားဖြစ်ပါတယ်။ ဂျုံ၊ ပြောင်း၊ စတဲ့ အရင်းအမြစ်ကနေ ထုတ်လုပ်ပြီး အခြားသော အရက်များဖြစ်တဲ့ ဝီစကီ၊ ဗိုကာ၊ရမ် ကဲ့သို့ သော အရက်ပြင်းအမျိုးအစားထဲ ပါပါတယ်။ တက်ကွီလာ ကို သောက်တဲ့အခါ ခပ်ပါးပါးလေး သောက်ရတာ ဖြစ်ပါ တယ်။ ကာဗွန်နိတ်တစ် အရည်ဖြစ်တဲ့ ဆိုဒါနဲ့ ရေခဲတုံးလေးတွေကို ရောစပ်ပြီး သောက်ရတာ ဖြစ်ပါတယ်။ အမြည်းကတော့ သံပုရာသီးနဲ့ ဆား ဖြစ်ပါတယ်။ ဆရာကျကျ သောက်ချင်ရင်တော့ အရက်မထည့်ခင် ခွက်ကို ဆားပွင့်လေးတွေ အပေါ် ခွက်နှုတ်ခမ်းသားနဲ့ မှောက်လိုက်ပြီး ပြန်ထောင်လိုက်ပါ။ အဲ့ဒါဆို ခွက်နှုတ်ခမ်းသားမှာ ဆားပွင့်လေး တင်နေတာကို တွေ့ရမှာပါ။ ပြီးမှ ဆိုဒါနဲ့ ရေခဲတုံးလေးကိုထည့်ပြီး တက်ကွီလာကို ဆက်ထည့်ပါ။ မကြာမှီ သင့်ကို ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ညောင်းသာယာနိုင်ဖို့ တက်ကွီလာက သင့်ဦးနှောက်ကို အချက်ပြ ဆက်သွယ်ပါလိမ့်မယ်။  သင် သိထားရမှာက တက်ကွီလာသောက်တဲ့အခါ အမြည်းတွေမှာ ဖြစ်နိုင်ရင် ဆီကြော်တွေ မပါတာအကောင်းဆုံးပါဘဲ။ ဒါ့အပြင် ရေသောက်သလို သောက်ဖို့ ဒါမှမဟုတ် သူငယ်ချင်းတွေကို ငါ အများကြီးသောက်နိုင်တယ်ဆိုပြီး တက်ကွီလာ အကြောင်း သေချာမသိဘဲ သောက်ရင် တက်ကွီလာ ကသင့်ကို ဆိုးဝါးစွာနဲ့ ပြန်လည် ဆက်ဆံမှာပါ။ အချိန်တိုအတွင်း သင့်ကို အရူးတစ်ယောက်လို ဖြစ်သွားအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဆရာကျကျနဲ့ တက်ကွီလာကို လေးစားစွာ သောက်ပါ။

 

၃။ မြန်မြန်ခရီးရောက်ချင်ရင် ပိုက်နဲ့စုပ်သောက်ပါ။

ခွက်ကို နှုတ်ခမ်းများနဲ့တေ့ပြီးသောက်တာထက် ပိုက်နဲ့စုပ်သောက်တာက ပိုမြန်ပါတယ်။ ဒါပေမယ့် အရက်၊ ဘီယာတွေကို ပိုက်နဲ့စုပ်သောက်တာမျိုးတော့ အားမပေးပါဘူး။ သင့်ကို ပိုမူးစေမှာပါ။ မြန်မြန်ကုန်လေလေ ထပ်ထည့်လေလေ၊ ပိုက်နဲ့စုပ်လေလေ မြန်မြန်ကုန်ပြန်လေ ဖြစ်နေမှာပါ။ ဒါပေမယ့် ကော့တေး လိုမျိုး ချိုမြိန်ရီဝေစရာ အရည်မျိုးကတော့ ပိုက်နဲ့ စုပ်သောက်တာ ဇိမ်တစ်မျိုးပါဘဲ။

 

၄။ အက်ဘ်စင် ( Absinthe) အရက်အမျိုးအစားကို ရှောင်ပါ။

အမေရိကန်မှာတော့ ရောင်းချခွင့်မရှိတဲ့ အရက်အမျိုးအစားဖြစ်ပါတယ်။ အက်ဘ်စင် ဟာ မူလက ဆေးရည်အဖြစ်နဲ့ စတင်လာရာ ကနေ နောက်ပိုင်း အရက်အထိ ဖြစ်လာပါတယ်။ ၁၈ရာစုနှောင်းပိုင်းကနေ စတင်ခဲ့တယ်ဆိုပေမယ့် ၁၉ရာစု မှာ အရက်အဖြစ် ထင်ရှားခဲ့ပါတယ်။ ဒေါနပန်းကို အဓိက ကုန်ကြမ်းအဖြစ် သုံးစွဲပြီး အယ်ကိုဟော ပမာဏများစွာပါဝင်ပါ တယ်။ နောက်ပိုင်းမှာ အက်ဘ်စင် ဆိုတဲ့နာမည်နဲ့အရက်တွေ ထုတ်ကြသလို အက်ဘ်စင် နာမည်နဲ့မဟုတ်သော အက်ဘ်စင်အမျိုးအစား အရက်တွေလဲ ထွက်ရှိလာပါပြီ။ အန္တရာယ်များတဲ့ အရက်ဖြစ်လို့ တားမြစ်ထားတဲ့ အရက်အမျိုးအစား တစ်မျိုးလဲ ဖြစ်ပါတယ်။ အများအားဖြင့် အရက်ရဲ့အရောင်ဟာ အစိမ်းရောင် ဖြစ်ပါတယ်။ အက်ဘ်စင် ကို သောက်မိရင် ဘာဖြစ်နိုင်လဲဆိုတော့ လူဟာ ထိန်းမနိုင်အောင် မူးနိုင်ပြီး သူ့ရဲ့အမူးဟာ အခြားအရက်တွေလိုမဟုတ်ပါဘူး။ သင့်ကို ပုံရိပ်ယောင်ပေါင်း များစွာ မြင်နိုင်အောင် လုပ်နိုင်စွမ်းရှိပါတယ်။ မရှိတာကို ရှိတယ်လို့ မြင်တာမျိုးတွေ ဖြစ်ပါတယ်။ အဲ့ဒါ အက်ဘ်စင် အရက်ရဲ့အစွမ်းပါ။ သူ့ရဲ့ အလိုက်ဖက်ဆုံး အမြည်းကတော့ သကြားခဲ ဖြစ်ပါတယ်။ ငှက်ဖျားကုသတဲ့အခါမှာ လည်း ရှေးအရင်တုန်းက အက်ဘ်စင် အရက်ကို အသုံးပြုကြပါသေးတယ်။ လူက နာကျင်တဲ့ဒဏ်ကို ခံစားဖို့ထက် အက်ဘ်စင် ရဲ့ လှည့်စားမှုမှာ နစ်မြောနေတာမျိုး ဖြစ်တတ်ပါတယ်။

 

၅။ ဂျင် (Gin) က သင့်ကိုပိုပြီး ဝမ်းနည်းစေတယ်။

ဂျင် ကတော့ ၁၈ရာစုမှာ အင်္ဂလန်နိုင်ငံကနေ အစပြုပါတယ်။ ဒါ့အပြင် သူ့ရဲ့သဘာဝက စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းတို့ ကို အားပေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ စိတ်ထဲမှာ ခံစားရလို့ အချိန်ဆွဲ မျက်ရည်ကျချင်ရင်တော့ ဂျင်ကိုသာ သောက်လိုက်ပါ။ သင့်ရဲ့ ခံစားချက်နဲ့အတူ မျက်ရည်မိုးအဖြစ် ငိုကြွေးနိုင်ပေးတဲ့ အစွမ်းရှိပါတယ်။ ဂျင်ကို သူ့ချည်းသီးသန့်သောက်တာမျိုးက အားမပေးပါဘူး။ သူ့ကို ကော့တေးအနေနဲ့ ဖျော်စပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။ ဂျင်ကို သောက်တဲ့အခါ ထိုင်နေရင် မသိသာပေမယ့် ထိုင်ရာကနေ ထလိုက်တဲ့အခါ သင့်ကို ခုနှစ်ထွေအကသိုင်းတတ်သွားသကဲ့သို့ ဖြစ်စေမှာပါ။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: