
အိန္ဒိယ နိုင်ငံဟာ လူဦးရေထူထပ်ပေါများပြီး လူနေမှုအဆင့်အတန်းများမှာလည်း အလွှာတန်း အလွန်ကွာခြားလျက်ရှိရာ အစိုးရ အနေနဲ့ မြို့တော်သန့်ရှင်းရေးကို အထူးအလေးပေးဆောင်ရွက်နေရသည်။ ဒါ့အပြင် မြို့တော်နဲ့ ဝေးကွာသော အချို့ တောရွာများတွင် အိမ်သာပင်မရှိပေ။ ဖြစ်သလို တောထိုင်ဓလေ့အဖြစ်သာ ကိစ္စကို ဖြစ်သလိုရှင်းကြသော နေရာများ ရှိနေသေးပါတယ်။ ဒါကြောင့် အိန္ဒိယ အစိုးရအဖွဲ့အနေနဲ့ မြို့တော်နဲ့အနီးတစ်ဝိုက်မှာ သန့်စင်ခန်းများစွာကို ဖွင့်ထားပေးပြီး လက်ရှိအခြေအနေမှာတောင် သန့်စင်ခန်းတွေကို ထပ်မံတိုးချဲ့ပြီး ဖွင့်နေရပါတယ်။ ယခုမှာတော့ Google Map App ကနေ နီးစပ်ရာ သန့်စင်ခန်းတွေကို ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ အိန္ဒိယအစိုးရအဖွဲ့အတွက် အားတက်စရာဖြစ်ပြီး လူအတော်များများဟာ မြို့တော်အတွင်းမှာတောင် ဖြစ်သလို အပေါ့ အပါးကိစ္စတွေကို လမ်းကြားတွေ၊ လမ်းထောင့်တွေမှာ ဖြေရှင်းကြတာကြောင့် ယခုလို Google Map App ကနေ သန့်စင်ခန်းရှာနိုင်မယ့် ဝန်ဆောင်မှုကြောင့် အနည်းငယ် သက်သာနိုင်မယ် လို့ ယူဆရပါတယ်။ ဒါ့အပြင် သန့်စင်ခန်းရဲ့ သန့်ရှင်းမှုကို သတ်မှတ်တဲ့ rating ၊ အခမဲ့လား ပိုက်ဆံပေးရမှာလား၊ ကိုယ်လက်ရှိရှိနေတဲ့ နေရာနဲ့ အနီးစပ်ဆုံး သန့်စင်ခန်း စတဲ့အချက်အလက်တွေကိုပါ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ ၁.၂ဘီလီယံ အရေအတွက် ရှိတဲ့ လူဦးရေမှာ အိမ်သာ မရှိသေးပါဘူး။ ဆိုလိုတာက မြန်မာပြည်အခေါ်ဆိုရင်တော့ တောထိုင်ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော် ဒေလီမှာ ရှိတဲ့ ၅မီလီယံကျော် လူဦးရေကတော့ အဆင်ပြေသလိုဘဲ အပြင်မှာဘဲ ဖြစ်သလို အပေါ့အပါး ကိစ္စကို ဖြေရှင်းကြတယ်လို့ သိရပါတယ်။
Source : Fortune.com