Home Tech ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App

ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App

0
ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App

သင်ဟာ ကြောင်ချစ်သူတစ်ယောက် ဆိုရင်တော့ Candid Catmera App ကတော့ တစ်ကယ့်ကို အသုံးဝင်မှာပါ။ အင်တာနက်ပေါ်မှာ ကြောင်တွေကိုယ်တိုင် selfie ရိုက်တဲ့ပုံပေါင်း များစွာကို သင်တွေ့ဖူးမှာပါ။ အမှန်တစ်ကယ်တော့ ဘယ် ကြောင်ကမှ selfie ကို တစ်ကူးတစ်က ရိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Candid Catmera App ကတော့ ကြောင်တွေကိုယ်တိုင် selfie ရိုက်သလို လုပ်ပေးနိုင်ပြီး သင့်ရဲ့ ကြောင်ပုံတွေကို Facebook မှာ ကြွားနိုင်အောင် လုပ်ပေးနိုင်ပါတယ်။

ကြောင်တွေရဲ့ သဘာတရားက လူတွေမရှိတဲ့အချိန်မှာ သူတို့စိတ်ဝင်စားရာကို လုပ်လေ့ရှိပါတယ်။ Candid Catmera App ရဲ့ သဘောတရားကလဲ အဲ့ဒီလိုပါဘဲ။ Tablet သို့မဟုတ် ဖုန်းတွေကို ကြောင်တွေနားမှာ ချထားပေးပြီး သူတို့စိတ်ဝင်စားတဲ့ ကြွက်ရုပ်တွေ၊ ငါးတွေကို App ထဲမှာ ပြထားပါတယ်။ အဲ့ဒီ Animation တွေရဲ့ လှုပ်ရှားမှုကြောင့် ကြောင်တွေဟာ အရုပ်တွေကို screen ပေါ်မှာ လိုက်ဖမ်းပါတော့တယ်။ screen ပေါ်မှာ ကြောင် တက်လိုက်တာနဲ့ Candid Catmera App က ကြောင်တွေရဲ့ မျက်နှာကို အလိုအလျောက် ဓာတ်ပုံရိုက်ပြီး သိမ်းထားပေး မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက်ချိတ်ဆက်ထားမယ်ဆိုရင်တော့ သင့်ဆီကို ကြောင်တွေရဲ့ selfie ပုံတွေ လက်ခံရိုက်ကူးနေပြီ ဖြစ်ကြောင်းလဲ message ပို့ပေးပါအုံးမယ်။ လက်ရှိမှာတော့ iOS အတွက်ဘဲ ထွက်ရှိသေးတာ ဖြစ်ပြီး $2.79 ကျသင့်မှာ ဖြစ်ပါတယ်။ အသေးစိတ်ရှင်းပြချက်ကိုတော့ အောက်ပါ video ထဲမှာဘဲ ကြည့်ကြည့်ပါတော့။

ဒေါင်းလုပ်ဆွဲရယူရန် : Candit Catmera App

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: