Home Lifestyle Health မျိုးပွားအင်္ဂါသန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်သည့်အချက် (၇) ချက်

မျိုးပွားအင်္ဂါသန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်သည့်အချက် (၇) ချက်

0
မျိုးပွားအင်္ဂါသန့်ရှင်းရေးအတွက် လုပ်ဆောင်သင့်သည့်အချက် (၇) ချက်

ခန္ဓာကိုယ်တစ်ခုလုံး သန့်ရှင်းပြီး တစ်ကိုယ်ရည်ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုတယ်ဆိုပေမဲ့ သင့်ခန္ဒာကိုယ်ရဲ့ မျိုးပွားအင်္ဂါတွေ သန့်ရှင်းနေဖို့ကလည်း အဓိကလိုအပ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးမှာ အရေးပါတဲ့ မျိုးပွားအင်္ဂါတွေကို သန့်ရှင်းရေးအတဆွက် လိုအပ်တဲ့ အောက်ပါနည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

၁။ သင်ရေချိုးချိန်နဲ့ အပေါ့အပါးသွားဖို့ အိမ်သာဝင်တိုင်းမှာ ရေနဲ့ သေချာစွာဆေးဖို့ လိုပါတယ်။

၂။ လိင်အင်္ဂါတွေရဲ့ အရေပြားဟာ နူးညံ့ပြီး ထိခိုက်မိလွယ်စေတာကြောင့် မျိုးပွားအင်္ဂါတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ကြမ်းတမ်တဲ့ဆပ်ပြာတွေ၊ အမွှေးနံ့လွန်ကဲသည့် ဆပ်ပြာတွေကို သုံးတာမျိုးမလုပ်သင့်ပါဘူး။

၃။ အထူးသဖြင့် မိန်းကလေးတွေဟာ ရာသီလာတဲ့အချိန်တွေမှာ သန့်ရှင်းရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ရာသီလာတဲ့ ရက်တွေမှာ မျိုးပွားအင်္ဂါကို သန့်ရှင်းရေး လုပ်တဲ့အခါ ရေနွေးနွေးလေးနဲ့ လုပ်ပေးတာ အကောင်းဆုံးပါ။

၄။ လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်ဘောင်းဘီကို ဝတ်ဆင်ပါ။

၅။ အမျိုးသမီးလစဉ်သုံး ပစ္စည်းကိုလည်း လဲပေးဖို့ မမေ့ပါနဲ့။

၆။ ပိုးမွှား ကူးစက်လွယ်စေနိုင်တဲ့ လိင်အင်္ဂါတစ်ဝိုက်ရှိ အရေပြားတွေ သန့်ရှင်းနေဖို့ အလွန် အရေးကြီးပါတယ်။

၇။ မျိုးပွားအင်္ဂါတစ်ဝိုက်မှာ နာကျင်မှုဖြစ်တာ၊ နီရဲနေတတ်တာ၊ ယားယံတာ၊ အိမ်ထောင်သည်တွေ အမျိုးသားနဲ့ အတူတူနေတဲ့အခါ နာကျင်မှုတွေ ခံစားရတာ စတာတွေ ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: