
အိမ်မှာနေရင်ထိုင်ရင်း ထူးထူးဆန်းဆန်းလေးနဲ့ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိရှိလေးစားသုံးလို့ရမဲ့ ကြက်တောင်ပံ အစာသွတ်လေးကို ဆန်းသစ်မြန်မာ ပရိသတ်ကြီးတို့ ကိုယ်တိုင် လုပ်ကြည့်ကြရအောင်လားရှင်။
ပါဝင်ပစ္စည်းများ
၁။ မုန်လာဥ နုပ်နုပ်စင်း ၁လုံး
၂။ ကြက်သွန်နီနုပ်နုပ်စင်း ၂လုံး
၃။ ကြက်တောင်ပံ ၅ချောင်း
၄။ ကြက်ဥအကြေခေါက်ရည် ၂လုံး
၅။ ဝက်ကြိတ်သား/ကြက်/ပင်လယ်စာ ၁၀ ကျပ်သား
၆။ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ ပေါင်မုန့်ခြောက် ၁ခွက်
၈။ ဆား/ ငရုတ်ကောင်း အနည်းငယ်
၉။ ဆီ ကြော်ရန်
၁၀။ ဂျုံမှုန့် ၁ခွက်
ပြုလုပ်ပုံ
ပထမဦးစွာ ကြက်တောင်ပံကို အဆစ်မှဖြတ်ကာ အရေပြားအတွင်းမှ အရိုးကို ထုတ်ထားပါ။ ပေါက်ပြဲမှုမရှိအောင် သတိထား၍ ထုတ်ပါ။
ဝက်ကြိတ်သားနှင့် ကြက်သွန်နီ၊ မုန်လာဥနီတွေကို အရသာရှိအောင် ဟင်းခတ်မှုန့်တို့ဖြင့် ရောနယ်ထားပါ။
အစာသွတ်ရန် အဆင်သင့်ဖြစ်လျှင် ကြက်တောင်ပံ၏ အပေါက်အတွင်းသို့ ဂျုံမှုန့် အနည်းငယ် သုတ်လိမ်းပါ။
ထိုနေရာမှတစ်ဆင့် အသားကို ထည့်ပါ။ ပြည့်ကားအောင်မထည့်ရ။
ထိုသို့ အစာသွတ်ပြီးလျှင် ဂျုံမှုန့်သုတ်၊ ကြက်ဥသုတ်၊ ပေါင်မှုန့်ခြောက်ကပ်ပြီး အပူပေးထားသော ဆီအိုးထဲသို့ မီးအပူချိန်အသင့်အတင့်ဖြင့် မြုပ်သည်အထိထည့်ပါ။ ရွှေညိုရောင်ပြောင်းလာပြီး အတွင်းမှ အသားများကျက်လျှင် အကွင်းများ လှီးဖြတ်၍ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။