Home Lifestyle Health သင့်အသားအရည်ကိုထိန်းသိမ်းပေးနိုင်တဲ့ အိပ်စက်မှုပုံစံ

သင့်အသားအရည်ကိုထိန်းသိမ်းပေးနိုင်တဲ့ အိပ်စက်မှုပုံစံ

0
သင့်အသားအရည်ကိုထိန်းသိမ်းပေးနိုင်တဲ့ အိပ်စက်မှုပုံစံ

ညဘက်မှာ အိပ်ရေးဝဝအိပ်တာက အသားအရေရဲ့ ကျန်းမာရေးကို အထောက်အကူုပြုကြောင်း သိပြီးသားဖြစ်မှာပါ။ အိပ်စက်တဲ့အခါမှာ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်ရင် အသားအရေကို ပိုအကျိုးပြုလဲဆိုတာ သိစေဖို့ ဒီအချက်တွေကို ရေးသားလိုက်ရပါတယ်။

ပိုးသားဖြင့် ပြုလုပ်ထားသော ခေါင်းအုံးစွပ်ကို သုံးပါ။

ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးစွပ်က မျက်နှာ အရေပြားကို ချောမွေ့စေပြီး မျက်နှာမှာ အရေးကြောင်းတွေ ထင်တာနဲ့ တွန့်ရာ ထင်တာတွေကို သက်သာစေပါတယ်။

ခြေအိတ်၊ လက်အိတ်စွပ်ပြီး အိပ်ရာဝင်ပါ။

အမျိုးသမီး အများစုက အိပ်ရာမဝင်ခင်မှာ သူတို့လက်တွေနဲ့ ခြေထောက်တွေကို အစိုဓာတ်ထိန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ စောင်ခြုံလိုက်တာထက် ပါးလွှာတဲ့ ချည်သားခြေအိတ်၊ လက်အိတ်တွေတွေကို စွပ်ပြီး အိပ်စက်အနားယူတာက အစိုဓာတ်ကို ပိုထိန်းထားနိုင်တယ်ဆိုတာ မေ့လျော့နေကြပါတယ်။

မှောက်မအိပ်ပါနဲ့

မှောက်အိပ်တာက အရေပြားအတွက်မသင့်တော်ပါဘူး။ ဒူးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ပက်လက်လှန်အိပ်တာက ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။

အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ

ခုတင်ခေါင်းရင်းအောက်မှာ အုတ်ခဲတွေကို ထားတာက သွေးစုတာကို လျော့ကျစေပြီး မျက်လုံးအောက်မှာ ဖောင်းအစ်တာကို လျော့ကျစေပါတယ်။ ဒါ့အပြင် သင့်ခင်ပွန်းရဲ့ အသက်ရှူလမ်းကြောင်းကို ပွင့်စေတာကြောင့် ခင်ပွန်းဟောက်တာကို သက်သာစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: