Home Lifestyle Fitness 6 Packs ထွက်ချင်သူများ ရှောင်ရမယ့် အစားအစာ (၅) မျိုး

6 Packs ထွက်ချင်သူများ ရှောင်ရမယ့် အစားအစာ (၅) မျိုး

0
6 Packs ထွက်ချင်သူများ ရှောင်ရမယ့် အစားအစာ (၅) မျိုး

ဒီဘက်ခေတ်မှာ ကျန်းမာရေးအရဘဲ ဖြစ်ဖြစ် ခန္ဓာကိုယ်လှချင်လို့ဘဲ ဖြစ်ဖြစ် Gym ကစားသူ ပိုမိုများပြားလာပါတယ်။ ဒါပေမယ့် အစားအစာမမျှတမှုနဲ့ လွန်ကဲမှုတွေကြောင့် လိုချင်တဲ့ ရည်မှန်းချက်ကို မရောက်တဲ့သူ အများကြီးရှိပါတယ်။ ဒီဆောင်းပါးမှာတော့ 6 pack ထွက်ချင်သူများရှောင်ကြဉ်ရမယ့် အစားအစာ (၅)မျိုးကို ဖော်ပြလိုက်ရပါတယ်။

အမေရိကန် ဆေးသိပ္ပံအဖွဲ့အစည်းရဲ့ သုတေသနပြုလုပ်ချက်များအရ ၅၄ရာခိုင်နှုန်းသော Gym ကစားသူ အမျိုးသားများဟာ အစားအစာ မဆင်ခြင်မှုကြောင့် သူတို့ရဲ့ ဗိုက်သားဟာ လက်မ ၄ဝကျော်ခန့်ထိ ရှိပါတယ်လို့ ပြော ပါတယ်။ ဒါကြောင့် သင်ဟာ 6 Pack ထွက်ရမယ်လို့ ကိုယ့်ကိုကိုယ် ကတိကဝတ်ပြုထားရင် အောက်ပါ အစားအစာ (၅) မျိုးကို ဆင်ခြင်ပြီး စားသုံးသင့်ပါတယ်။ ဒါမှသာလျှင် သင့်ရဲ့ ရည်မှန်းချက်ကို အချိန်တိုအတွင်းရောက်ရှိနိုင်ပါမှာ။

၁။ ပြုပြင်ထားသော အာဟာရများ

ဆန်၊ ပဲ၊ ပြောင်းတို့ကို ပြန်လည်ပြုပြင်ပြီး ထုတ်လုပ်ထားတဲ့ အာဟာရအားဆေးများ စားသုံးတာများလွန်းရင်လည်း မလိုအပ်တဲ့ အဆီတွေ ဖြစ်ပေါ်နေနိုင်ပါတယ်။ နဂိုရှိရင်းထက် ဖြူအောင်လုပ်ထားတဲ့ ဆန်၊ ဂျုံကိုလည်း နဂိုရှိရင်းထက် ပိုမိုဖြူ အောင် လုပ်ထားတာမျိုး၊ ပေါင်မုန့်ဖြူ ၊ စတဲ့ အစားအစာတွေက သင့်ကို 6 pack ထွက်ဖို့ တားဆီးထားပါတယ်။ တစ်ကယ်တမ်း စားသင့်တာက ဆန်လုံးညို၊ ပေါင်မုန့်ညို လိုမျိုး အစားအစာဖြစ်ပါတယ်။ ပြန်လည်ပြုပြင်ထားတဲ့ အာဟာရဆေးတွေက ပိန်တဲ့သူစားရင် ကိစ္စမရှိပေမယ့် ခန္ဓာကိုယ်အချိုးအစား ပုံမှန်ရှိသူတွေ အမြဲစားသုံးဖို့ မသင့်တော်ပါဘူး။

၂။ အာလူးနဲ့ဆက်စပ်၍ ထုတ်လုပ်သော အစာများ

အာလူးကို များများစားရင် ၀ိတ်တက်စေပါတယ်။ မနက်ပိုင်းမှာ အာလူးကို စားတာ ကိစ္စမရှိပေမယ့် Gym ကစားသူ တစ်ယောက်အနေနဲ့တော့ အာလူးကို ညဘက်မှာ မစားသင့်ပါဘူး။ ဒါ့အပြင် အာလူးကို ထပ်မံ၍ ပြုပြင်ထားတဲ့ အစားအစာ မျိုးဆို ပိုတောင် မစားသင့်ပါဘူး။ အာလူးချောင်းကြော် လိုမျိုး ဆီကြော်တွေကို ရှောင်ပါ။ ဒါပေမယ့် အာလူးပြုတ်ကိုတော့ အနည်းငယ် ချင့်ချိန်၍ စားနိုင်ပါတယ်။ လိုတာထက်ပိုရင်တော့ သင့်ကို အာလူးက ခပ်မြန်မြန် ၀ိတ်တက်စေမှာပါ။

၃။ အနီရောင်အသားများနဲ့ ကြိုတင်ထုတ်ပိုးထားသော အသားများ

အသားစားတာဟာ Gym ကစားသူ တစ်ယောက်အတွက် မရှိမဖြစ်တော့ လိုအပ်ပါတယ်။ ဒါပေမယ့် အနီရောင်အသားတွေ ကတော့ သင့်ကို ပရိုတင်းဓာတ်လျှင်မြန်စွာ ရရှိစေနိုင်ပေမယ့် မလိုအပ်တဲ့ ၀ိတ်အပိုကိုလည်း ရရှိအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြိုတင်ထုတ်ပိုးထားတဲ့ အသားမှာ အခြားသော ဓာတုပစ္စည်းတွေပါဝင်တာ ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်အတွက် မလိုလားတဲ့ ဆိုးကျိုးတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အသားကိုနှစ်ခြိုက်စွာ စားသုံးတယ်ဆိုရင်တော့ WorkOut များများ လုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် သင့်ကို ဝလာစေမှာ အမှန်ပါဘဲ။

၄။ ရေခဲရိုက်ထားသော အစားအစာများ

ရေခဲရိုက်ထားတဲ့ အစားအစာဆိုတော့ အသား၊ငါးတွေ အပါအဝင် အသီးအရွက်တွေလဲ ပါဝင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အစားအစာတွေက သင့်ကို အဆီပိုတက်စေဖို့ အားပေးပါတယ်။ သွေးကြောအတွင်းမှာလဲ မလိုလားတဲ့ အဆီတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။ ဒါ့အပြင် ရေခဲရေကိုလည်း မသောက်သင့်ပါဘူး။ Gym ကစားပြီးတိုင်း သောက်တဲ့ရေဟာ သာမန် ရေဘဲ ဖြစ်သင့်ပါတယ်။ ရေခဲရေ က သင့်ကို ကောင်းကျိုးပေးမှာမဟုတ်ဘဲ ဆိုးကျိုးသာ ပေးမှာ ဖြစ်ပါတယ်။

၅။ မကြာခဏ ဆိုဒါသောက်သုံးမှုရှောင်ပါ

သာမန်အားဖြင့် ကြည့်လိုက်ရင် ဆိုဒါမှာ ကယ်လိုရီမပါဝင်ဘူးဆိုပေမယ့် ဆိုဒါနဲ့အတူတွဲဖက်သောက်သုံးတဲ့ အချိုရည်မှာ ပါဝင်တဲ့ သကြားဓာတ်ကြောင့် သင့်ကို ဝလာစေပါတယ်။ ဆိုဒါကို အချို့က အစာကြေတယ်ဆိုပြီး သောက်ကြပေမယ့် စမ်းသပ်မှုများအရ အစာအိမ်ကို ပိုပြီးကျယ်လာစေတဲ့ သဘာဝရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ အစာအိမ်ကျယ်လာရင် သင့်အနေနဲ့ မကြာခဏ ဗိုက်ဆာလာမှာပါ။ ဗိုက်ဆာမှတော့ အစားကို ပုံမှန်ထက် ပိုစားပြီဆိုတာ ဗေဒင်တောင် တွက်စရာမလိုပါဘူး။

အထက်ပါ အစားအစာ (၅) မျိုးကို ကိုယ့်ရဲ့ ကိုယ်ပိုင် အသိနဲ့ ဆင်ခြင်ပြီး မျှတအောင် စားသုံးမယ်ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး။ ပုံမှန်ထက် အနည်းငယ်ပိုများအောင် စားသုံးလိုက်ရင်သာ သင့်ကို အချိန်တိုအတွင်း ၀ိတ်တက်လာစေမှာ ဖြစ်ပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: