
မကြာခင် ၂၀၁၆ နှစ်ဟောင်းကို လက်ပြနှုတ်ဆက်ပြီး ၂၀၁၇ ကို လက်ကမ်းကြိုဆိုကြရတော့မှာဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ၊ လာမယ့်နှစ်သစ်ကာလမှာ ကမ္ဘာတစ်ဝန်းဘာတွေဖြစ်လာမလဲဆိုတာကိုတော့ လူတိုင်းစိတ်ဝင်စားကြပါတယ်။ UK က စိတ်တန်ခိုးရှင် စာရေးဆရာ Craig Hamlton Parker ကတော့ ၂၀၁၇ ခုနှစ်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေကို ဟောကိန်းထုတ်လိုက်ပါပြီ။
၁။ ၂၀၁၇ နွေရာသီမှာ ဥရောပမှာ ရေလွှမ်းမိုးပြီး အမေရိကန်တွင် မိုးခေါင်ခြောက်သွေ့ပါလိမ့်မယ်။
၂။ UK ပါလီမန်အတွင်းမှာ ပစ်ခတ်မှု ကြီးဖြစ်ပွားလိမ့်မယ်။
၃။ ဥဇဘတ်ကစ်စတန်မှာ အကြမ်းဖက် တော်လှန်မှုကနေ အာဖကန်နစ်စတန်သို့ စစ်ပွဲသစ် ကူးစက် ဖြစ်ပွားလိမ့်မယ်။
၄။ ရေခဲအတွင်းအေးခဲပြီးတွေ့ရတဲ့ ရှေးခေတ် ရေဘဝဲကြီးက သတင်းတစ်ခုဖြစ်လာလိမ့်မယ်။
၅။ အိုက်စလန်မှာ မီးတောင်ပေါက်ကွဲမှုကြောင့် အဆိပ်ငွေ့တွေ နော်ဝေးနိုင်ငံပေါ်မှာလွှမ်းလိမ့်မယ်။
၆။ ဂြိုလ်တုကွန်ပျူတာကွန်ရက်စနစ်ကို ဝင်ရောက်နှောင့်ယှက်မှုကြောင့် အမေရိကန်နဲ့ ရုရှား ပြဿနာဖြစ်လိမ့်မယ်။
၇။ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရန်စမှုကို အကြောင်းပြုပြီး ဂျပန်က အရှေ့ဖျားဒေသ လက်နက်ပြိုင်ဆိုင်မှုထဲသို့စတင်ဝင်ရောက်လာလိမ်မယ်။
၈။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ သို့မဟုတ် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ကင်ဂျုံအမ် (Kim Jong Um) ရဲ့ ပါ၀ါကျဆင်းလိမ့်မယ်။
၉။ ကက်ချမီးယားမြောက်ပိုင်းနယ်စပ်ဒေသကိုအကြောင်းပြုပြီး တရုတ်နဲ့ အိန္ဒိယကြား ကြီးမားတဲ့ ပြသနာနဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်ကြလိမ့်မယ်။
၁၀။ ရှိတ်စပီးယားအရိုးဂူ သဲလွန်စကနေ အဆိပ်ခတ်ခံရကြောင်း သိလာရလိမ့်မယ်။
၁၁။ အကြမ်းဖက်သမားတွေက အဆိပ်တွေ၊ဇီဝလက်နက်တွေနဲ့ ဥရောပကျောင်းတွေကို တိုက်ခိုက်ကြ လိမ့်မယ်။
၁၂။ အမေရိကန်နဲ့ ရုရှားတို့ မဟာမိတ်အဖြစ်ပူးပေါင်းမှူကြောင့် ဆီးရီးယားနှစ်ခြမ်းကွဲပြီး သုံးမရတဲ့မြေအဖြစ်ကျန်ရစ်လိမ့်မယ်။
၁၃။ ၂၀၁၇ ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့မှာ အမေရိကန်နိုင်ငံပေါ်လကြတ်မှုနဲ့ တစ်ပြိုင်တည်း စတော့ စျေးထိုးကျခြင်းနဲ့ ငွေကြေးဖေါင်းပွမှုတွေ ကာလရှည်ဖြစ်ပေါ်လိမ့်မယ်။
၁၄။ ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၈ နှစ်လယ်လောက်မှာ ထူးဆန်းတဲ့ ရောဂါတစ်မျိူးကနေ ကူးစက်တတ်တဲ့ တုတ်ကွေးကိုဖြစ်စေပြီး ကိုယ်ခံအားစနစ်ကို ပျက်စီးစေမှူကြောင့် တတိယကမ္ဘာ့နိုင်ငံများမှ ပြည်သူ အများအပြား သေကျေကြလိမ့်မယ်။
၁၅။ ဗာတီကန်နန်းတော်မှာ ပုတ်ရဟန်းမင်းကြီးကို လုပ်ကြံဖို့နဲ့ ပြန်ပြေးဆွဲဖို့ ကြိုးပမ်းမှုဖြစ်ပွားမယ်။ ဆွစ်ရဲများ အသတ်ခံရလိမ့်မယ်။
၁၆။ တကယ့်လက်တွေ့ဘဝမှာ ဆော့ကစားရမယ့် ဂိမ်းသစ်တွေထပ်ပေါ်လာမယ်။ ယဉ်ကျေးမှု ယိုစီးတာတွေဖြစ်ပြီး လူတွေ စိတ်ဓါတ်ပျက်ယွင်းကာရုပ်ဝတ္ထုရဲ့ ကျေးကျွန်တွေဖြစ်ကြလိမ့်မယ်။
Craig ရဲ့ ဟောချက်တွေ က ၂၀၁၆ မှာ မှန်တာတွေရှိခဲ့သလို မဖြစ်ခဲ့တာတွေလည်းရှိတယ်လို့သူကဆိုပါတယ်။ သူ့ဟောချက်တွေဟာ သူဟောတဲ့အချိန်မှာ အတိအကျမဖြစ်ခဲ့ရင်တောင် နောင်မှာဖြစ်လာမယ်လို့ဆိုပါတယ်။ ကဲ၊စောင့်ကြည့်လိုက်ကြရအောင်ပါ။