Home Knowledge သင့်ရဲ့အကြီးမာဆုံးရန်သူနဲ့ အကြီးမားဆုံးမိတ်ဆွေက ဘယ်သူလဲ
သင့်ရဲ့အကြီးမာဆုံးရန်သူနဲ့ အကြီးမားဆုံးမိတ်ဆွေက ဘယ်သူလဲ
0
သင့်ရဲ့အကြီးမာဆုံးရန်သူနဲ့ အကြီးမားဆုံးမိတ်ဆွေက ဘယ်သူလဲ
သင့်ရဲ့ အကြီးမားဆုံးရန်သူနဲ့ အကြီးမားဆုံးမိတ်ဆွေက ဘယ်သူလဲလို့ မေးရင် လူတိုင်းနီးပါးက ငါ့မှာ ရန်သူရယ်လို့ ကြီးကြီးမားမားမရှိသလို တကယ့် ကြီးမားတဲ့မိတ်ဆွေရယ်လို့လည်း မရှိပါဘူးလို့ပဲ ဖြေကြ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင်ဒီမေးခွန်းကို အမေးခံရပြီဆိုတာနဲ့ သင်အဖြေရှာဖို့စူးစမ်းလိုက်တာက သင့်ရဲ့ပြင်ပလောကထဲကိုသာဖြစ်ပါတယ်။
ဥပမာအနေနဲ့ သင့်ကိုစာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းပေးပြီး သစ်ပင်ပုံတစ်ပုံဆွဲခိုင်းပါမယ်။ လက်တွေ့စမ်းကြည့်လိုက်ပါ။ သစ်ရွက်သစ်ခက်တွေ၊သစ်ကိုင်းတွေနဲ့ ဝေဆာ လှပ တဲ့ ပုံတစ်ပုံဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ပင်စည်နဲ့ အရွက်တွေလောက်သာပါပြီး သစ်ပင်တစ်ပင်လို့ လူအများ လက်ခံ တဲ့ပုံတစ်ခုခုတော့ သေချာပေါက်ထွက်လာမှာ မလွဲပါဘူး။
ဒါပေမယ့် သစ်ပင်တစ်ပင်ရယ်လို့ ဝေဝေဆာဆာ ဖြစ်လာစေဖို့ အထောက်အကူပြုနေတဲ့ အမြစ် တွေ ကတော့ သင်ဆွဲလိုက်တဲ့ ပုံထဲမှာ မပါဝင်တာ သေချာပါ တယ်။ ဘာကြောင့်လဲဆိုတော့ သင်က သင့်မျက်စိ နဲ့တွေ့မြင်နိုင်တဲ့ အပိုင်းလောက်ကိုပဲ ဆွဲလိုက်တဲ့ အတွက်ပါ။ ဒီလိုပါပဲ၊ သင်က သင့်ရဲ့ မဟာရန်သူတော်ကိုလည်း သင့်ရဲ့ပြင်ပမှာရှာဖွေလိုက်တဲ့အတွက် သင်မတွေ့နိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ သင်ရဲ့ မဟာ့မဟာရန်သူတော်ကြီးနဲ့ ဧရာမမိတ်ဆွေစစ်စစ်က သင့်ရဲ့ ကိုယ်တွင်းမှာ သာရှိတဲ့ သင့်ရဲ့ အတွင်းစိတ်ဖြစ်ပါတယ်။
သင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့စိတ်ပါ။ သင့်မှာစဉ်းစားတွေး ခေါ်တတ်တဲ့ ဦးနှောက်ရှိ တယ်။ စိတ်ပညာရှင်တွေက သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို အတွေးပေါင်း ၆၀၀၀၀ လောက်အထိ တွေးနိုင်တယ်လို့ဆိုတယ်။ သင်က အတွေးပေါင်း၆၀၀၀၀ လောက်အထိတွေး တယ်ဆို ရင်တောင် သင်တွေးတာတွေရဲ့ ၉၅% ဟာ သင်တွေးပြီးသား အတွေးဟောင်းတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီမြေပေါ်မှာ အတော်ဆုံးတွေးခေါ်တဲ့သူတွေတောင် သူတို့စိတ်စွမ်းအားရဲ့ ၂၅% လောက်ပဲ အသုံး ချခဲ့တယ်လို့ဆိုပါတယ်။
သင့်ရဲ့ ရန်သူက သင်မစွမ်းဆောင်နိုင်ပါဘူဆိုပြီး ကန့်သတ်လိုက်တဲ့အတွက် သင်က အကန့်အသတ်နဲ့ပဲ ရှင်သန်ရတော့တာဖြစ်တယ်။ သင့်အတွင်း စိတ်ရန်သူက ငါ့မှာဆွေမျိုုးမရှိဘူး၊ ငါ့မှာမိတ်ဆွေမရှိဘူး၊ ငါ့မှာငွေမရှိဘူး၊ ငါပညာမတတ်ဘူး၊ ငါမလုပ်တတ်ဘူးဆိုပြီး တစ်ချိန်လုံး မ နဲ့ ဘူးကို အော်ညည်းပြိး ရန်ပြုနေတော့တာပဲ။
ဒါပေမယ့် အံ့သြစရာကောင်းတာက အထက်မှာဖေါ်ပြခဲ့တဲ့ ဘာမှမရှိသူတွေဟာလည်း ဘဝရဲ့ အမြင့် တစ်နေရာကို ရောက်သွားကြတာပါပဲ။ ဘာကြောင့်လဲ။ ရန်သူသဖွယ်ပြုမူနေတဲ့ သူတို့ရဲ့ အတွင်း စိတ်နဲ့ မိတ်ဆွေဖြစ်အောင်မိတ်ဖွဲ့လိုက်တာပါပဲ။ ဘယ်လိုမိတ်ဖွဲ့လိုက်ပါသလဲ။ သူကြိုက်တဲ့ ငါလုပ် နိုင်တယ်၊လုပ်ကိုလုပ်နိုင်တယ်ဆိုတဲ့စကားကို အတွင်းစိတ်ကယုံကြည်လက်ခံ သွား အောင်လုပ်လိုက်တာပါပဲ။
ဒီနေ့အထိ သင်စွမ်းဆောင်လာခဲ့တာတွေအားလုံးဟာ အတွင်းစိတ်ရဲ့ သိမှတ်ယုံကြည်မှု ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်တွင်းက သင့်ရန်သူတွေကို သိပြီဆိုရင် သင့်ဘဝအောင်ပွဲအတွက် ရန်သူကိုအနိုင်ယူပြီး ဘဝခရီးကို ရှေ့ဆက်လိုက်ပါတော့။
Zawgyi Font : သင့်ရဲ့အကြီးမာဆုံးရန်သူနဲ့ အကြီးမားဆုံးမိတ်ဆွေက ဘယ်သူလဲ
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: