Home Knowledge ၂၀၁၇ခုနှစ်မှာ ခေတ်စားလာမယ့် နည်းပညာများ

၂၀၁၇ခုနှစ်မှာ ခေတ်စားလာမယ့် နည်းပညာများ

0
၂၀၁၇ခုနှစ်မှာ ခေတ်စားလာမယ့် နည်းပညာများ

လာမယ့် ရက်ပိုင်းလေးအတွင်းမှာဘဲ ၂၀၁၆ခုနှစ်ကို ခွဲခွာနှုတ်ဆက်ရတော့မယ့် အချိန်လေး ရောက်လာပါတော့မယ်။ တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာတွေနဲ့အတူ လူတွေရဲ့ လူမှုဘဝတွေဟာလည်း အရင်ကထက်စာရင် အများကြီး တိုးတက်လာသလို လိုအပ်ချက်တွေလဲ တစ်ဖြည်းဖြည်း များပြားလာပါတယ်။ ၂၀၁၅-၂၀၁၆ခုနှစ် အတွင်းမှာ နည်းပညာပြောင်းလဲမှုပိုမိုမြန်ဆန်လာသလို စီးပွားရေးလုပ်ငန်းတွေ လည်း အင်တာနက်ဝန်ဆောင်မှုတွေနဲ့အတူ အသီးသီးပေါ်ထွန်းလာခဲ့ပါတယ်။ လာမယ့် ၂၀၁၇ခုနှစ်မှာဆို ပိုပြီးတော့ တိုးတက်မြန်ဆန်လာ မှာပါ။ ယခင်က ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတာတွေက တစ်ကယ့်လက်တွေ့ဘဝမှာ တီထွင်ဖန်တီးနိုင်လာပြီ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ၂၀၁၇ခုနှစ်မှာ ဘယ်လိုနည်းပညာတွေ ခေတ်စားလာမှာလဲဆိုတာကို ဆန်းသစ်မြန်မာ ပရိတ်သတ်တို့အတွက် တင်ဆက်လိုက်ရပါတယ်။

၁။ မှတ်ဉာဏ်တု (Artificial Intelligence)

The Terminator နဲ့  Matrix ရုပ်ရှင်ကားထဲကလိုပါဘဲ။ အလိုအလျောက် တုံ့ပြန်နိုင်ပြီး မှတ်ဉာဏ်တု ကို ထည့်သွင်းထားတာကြောင့် တစ်ကယ့်ပြင်ပဘဝမှာလဲ လူအတိုင်းစွမ်းဆောင်နိုင်မှာပါ။ အဲ့ဒါကိုဘဲ AI နည်းပညာလို့ပြောနေကြတာဖြစ်ပါတယ်။ AI လို့ပြောတဲ့ အတွက် စက်ရုပ်ဘဲ ဖြစ်မယ်လို့ မထင်ထားပါနဲ့။ စက်ရုပ်တွေအပြင် အခြားသော အရာများလဲ ပါဝင်နိုင်ပါတယ်။ Chatbot system တွေလဲ AI ဖြစ်ပါတယ်။ သင် မရှိတဲ့အချိန် သင့်ရဲ့ ဖောက်သည်တစ်ယောက်က ကုန်ပစ္စည်းကြောင်းမေးမယ်ဆိုရင်လည်း သင့်ရဲ့ chatbot က သင့်အစားဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ AI ကို လူတိုင်းနားလည်အောင် ရှင်းပြတဲ့ ဥပမာတစ်ခုပါ။ အလိုအလျောက် တုံ့ပြန်နိုင်တဲ့စနစ်တွေ ၂၀၁ရခုနှစ်မှာ အကြီးအကျယ်ခေတ်စားပါလိမ့်မယ်။

AI

၂။ IoT Device

IoTဆိုတာ Internet of things ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ ကိုင်ဆောင်နေတဲ့ ပစ္စည်းတွေကို အင်တာနက်ချိတ်ဆက်ခွင့်ရအောင် ပြုလုပ်ပြီး လိုအပ်သလိုလုပ်ငန်းမှာဘဲ ဖြစ်ဖြစ် ဖျော်ဖြေမှုဘဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်တာမျိုး ဖြစ်ပါ တယ်။ ဥပမာအားဖြင့် သာမန် လေအေးပေးစက်တို့ ၊ ရေခဲသေတ္တာတို့မှာ အင်တာနက်ချိတ်ဆက်နိုင်စွမ်းမရှိပါဘူး။ အကယ်၍များ အဲ့ဒီလို အရာတွေကို အင်တာနက်သာ ချိတ်ဆက်ထားပေးမယ်ဆိုရင် ကျနော်တို့က အင်တာနက်ကို အသုံးပြုပြီး အိမ်မှာရှိတဲ့ လေအေးပေးစက်၊ ရေခဲသေတ္တာတို့ကို အပိတ်အဖွင့်အပြင်  အအေးချိန်ကိုလည်း အဝေးကနေ လှမ်းထိန်းနိုင်မှာ ဖြစ်ပါတယ်။ အိမ်တွင်းထိန်းချုပ်ထားတဲ့ မီးအလင်းအမှောင်တွေကိုလည်း အင်တာနက်ချိတ်ဆက်ပေးရုံမျှဖြင့် အဝေးကနေ လိုသလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက အိမ်တွင်းအသုံးပြုမှုကို ဥပမာပြတာဖြစ်ပါတယ်။ အခြားလုပ်ငန်းသုံးအရာတွေမှာလည်း IoT ဟာ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါပြီ။ ဒါကြောင့် ဒီဘက်ခေတ်မှာ ကွန်ပြူတာနဲ့ ဖုန်းတွေကိုဘဲ အင်တာနက်ချိတ်လို့ရမယ်ထင်ရင် မှား သွားပါလိမ့်မယ်။

iot

၃။ VR နဲ့ AR နည်းပညာ

VR ( Virtual Reality) နဲ့ AR ( Augmented Reality) နည်းပညာတွေ ဟာ ၂၀၁၆ခုနှစ် နှစ်ဦးပိုင်းထဲကနေ စတင်နေတာဖြစ်ပြီး လက်ရှိမှာ တစ်ဖြည်းဖြည်းနဲ့ အသုံးပြုမှုများလာပါပြီ။ ဒါကြောင့် VR နဲ့ AR နည်းပညာတွေကို ၂၀၁၇ခုနှစ်ရဲ့ ခေတ်စားလာမယ့် နည်းပညာစာရင်းထဲ ထည့်ထားရမှာပါ။ ပြင်ပလက်တွေ့ဘဝကို ကိုယ်တိုင်သွားစရာမလိုဘဲ အခန်းထဲကနေ headset လေးတစ်ခု ခေါင်းမှာ စွပ်ထားရုံနဲ့ ကမ္ဘာပတ်လို့ရပါတယ်။ ကြေငြာလုပ်ငန်းလုပ်သူတွေအနေနဲ့ ကိုယ့်ရဲ့ ကြေငြာတွေကို VR လောကထဲ ထည့်ပေးဖို့ လိုလာပါလိမ့်မယ်။ar and vr

၄။ Live Streaming

နည်းပညာတွေတိုးတက်လာတော့ Live လွှင့်ဖို့က မခက်ခဲတော့ပါဘူး။ အရင်က သာမန်လူတစ်ယောက်အနေနဲ့ live လွှင့်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ လူတွေက ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြ ဖို့ ဓာတ်ပုံတွေအစား live လွှင့်တာကို ပိုသဘောကျပါတယ်။ လက်ရှိမှာတော့ Facebook ကနေ live လွှင့်တာကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်နေပါတယ်။ အရင်ကတော့ ရိုးရိုး Video Live ဘဲလွှင့်လို့ရပါတယ်။ အခုဆိုရင် 360 Live Video အပြင် live audio ပါ လွှင့်နိုင်ပါပြီ။ ၂၀၁၇ခုနှစ် မှာတော့ ဘယ်လိုမျိုး live streaming ဝန်ဆောင်မှု အသစ်တွေ ပေါ်ပေါက် လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

live streaming

၅။ လူမှုကွန်ရက်နဲ့ အင်တာနက်စီးပွားရေး

လူမှုကွန်ရက်နဲ့ အင်တာနက်စီးပွားရေးကတော့ အမွှာညီအကိုပါဘဲ။ လူမှုကွန်ရက်ထဲမှာအသုံးများဆုံး Platform ကတော့ Facebook ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုဆိုရင် Facebook Page လေးတွေထောင်ပြီး ပစ္စည်းလေးတွေ ရောင်းနေတာကိုလည်း မြင်တွေ့နေရမှာပါ။ ဒါ့အပြင် မကြာမှီအချိန်အတွင်းမှာ Facebook အပြင် အခြားသော လူမှုကွန်ရက်ဆိုဒ်တွေမှာလဲ အရောင်းအဝယ်လုပ်နိုင်တဲ့စနစ်တွေကို စနစ်တစ်ကျနဲ့ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ရောင်းသူ ဝယ်သူ နဲ့ ပစ္စည်းတွေကို စျေးနှုန်းနဲ့တစ်ကွ ဖော်ပြနိုင်မယ့် လုပ်ဆောင်ချက်တွေ၊ လက်မှတ်ဖြတ်နိုင်မယ့် စနစ်တွေ၊ လေလံဆွဲနိုင်မယ့် လုပ်ဆောင်ချက်တွေနဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ အဲ့ဒီအရာတွေအားလုံးကို သီးသန့် website ဖွင့်စရာမလိုဘဲ လူမှုကွန်ရက် platform တစ်ခုပေါ်မှာဘဲ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Social Media Marketer နဲ့ Digital Marketing ပိုင်း ဝန်ဆောင်မှု ပေးနေတဲ့သူတွေလည်း သတိပြုရမယ့် အချက်ဖြစ်နေပါတယ်။

e-commerce

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: