
ဆယ်ကျော်သက်အရွယ်ကာလအတွင်း အရက်အလွန်အကျွံသောက်တာဟာ နောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရက်ကို အလွန်အမင်းသောက်ခဲ့တာက နောက်ပိုင်းမှာ အရိုးပါးနိုင်ခြေ မြင့်မားတယ်လို့ ကော်ရိုလာတက္ကသိုလ်ရဲ့ ကျန်းမာရေးစနစ်ကို လေ့လာသူတွေက ဆိုပါတယ်။ ကော်ရိုလာရဲ့ လေ့လာမှုအသစ်တစ်ရပ်အရ ကြွက်တွေကို လေ့လာကြည့်တဲ့အခါမှာ အရက်တွေကို အလွန်အမင်းသောက်တာကြောင့် အရိုးဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေတဲ့ ဗီဇတွေကို အဟန့်အတားဖြစ်စေတာကို တွေ့ရပါတယ်။
“ငယ်တဲ့ အရွယ်မှာ ဘဝနေထိုင်စားသောက်မှုပုံစံနဲ့ ဆက်စပ်နေတဲ့ အရိုးထိခိုက်မှုကို နောက်ပိုင်းကာလတွေအတောအတွင်း ပိုဆိုးနိုင်လာတာကြောင့်ပါ”လို့ အရိုးဆိုင်ရာ ပါရဂူများ က ဆိုပါတယ်။
အရက်ကို အလွန်အမင်းသောက်တယ်ဆိုတဲ့ အဓိပ္ပာယ်က အမျိုးသမီးတစ်ယောက်ဟာ တစ်ကြိမ်မှာ အနည်းဆုံးလေးခွက်နဲ့ အမျိုးသားတစ်ယောက်က တစ်ကြိမ်မှာ အနည်းဆုံး ငါးခွက်ကို ဆိုလိုတာဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်တဲ့သူတွေက အရက် ၁၀-၁၅ခွက်ခန့် သောက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရက်ကို အလွန်အကျွံသောက်တာက အသက် ၁၃နှစ်အရွယ်မှာ စတင်သောက်ပြီး အသက် ၁၈နဲ့ ၂၂နှစ်ကြား အရွယ်မှာ အမြင့်ဆုံးသောက်တာမျိုးကို ဆိုလိုတာမျိုး ဖြစ်ပါတယ်။