
အလုပ်ထဲ၌ အခြားသူများကို ဦးဆောင်ညွှန်ကြားသော မန်နေဂျာများ၌ ဦးနှောက်ဖွဲ့စည်းမှုဆိုင်ရာ အပြောင်းလဲများ ဖြစ်ပေါ်ပြီး ယင်းမှာ သူ၏မှတ်ဉာဏ်နှင့် သင်ယူခြင်းတို့ကို အသက်ကြီးသည်အထိ ကောင်းမွန်စေရန် ကာကွယ်ရေးအတွက် ပြုပြင်ရေးများပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ သြစတျေးလျနိုင်ငံ နယူးဆောက်သ်ဝေးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် ကမထမဆုံးအဖြစ် လူတစ်ယောက်၏ လုပ်ငန်းဆိုင်ရာ ဘဝတစ်လျောက် စီစဉ်ညွှန်ကြားမှုအတွေ့အကြုံနှင့် ဦးနှောက်ဖွဲ့စည်းပုံတို့ အကြား ဆက်နွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သင်ယူခြင်း၊ မှတ်ဉာဏ်တို့နှင့် သက်ဆိုင်သော ဦးနှောက်၏ ဟစ်ပိုကမ်းပက်စ်ဟု ခေါ်သောနေရာသည် မန်နေဂျာများ၌ ပို၍ကြီးလာပြီး ပို၍ ရှုပ်ထွေးလာကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုပါသုတေသနကို ဒေါက်တာမိုက်ကယ်လ် ဗယ်လာဇွဲလားက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ မန်နေဂျာများသည် လူများကို စီစဉ်ညွှန်ကြားရန် လိုအပ်ရာ ပြဿနာများကို အဆက်မပြတ်ဖြေရှင်းရခြင်း၊ ရေတိုမှတ်ဉာဏ်ကို အသုံးပြုရခြင်း၊ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ပညာကို အသုံးပြုရခြင်းတို့ကြောင့် လုပ်ငန်းသဘောသဘာဝ၏ တောင်းဆိုချက်အရ ဦးနှောက်ဖွဲ့စည်းပုံတွင် အပြောင်းအလဲများ ဖြစ်လာသည်ဟု ဆိုသည်။ အဆိုပါ သုတေသနအဖွဲ့သည် အသက် ၇၅မှ ၉၂အတွင်းရှိသော လူများကို MRIဖြင့် လေ့လာမှုများပြုလုပ်ခဲ့ရာ မန်နေဂျာ လုပ်ဖူးသူများသည် ဦးနှောက်ပိုကြီးကြောင်း တွေ့ရှိရသည်။