
ဒရုန်း ( Drone ) တွေကိုတော့ လူတိုင်းမြင်ဖူးတွေ့ဖူးကြမှာပါ။ အသေးစားကနေ အရွယ်အစား ခပ်ကြီးကြီးထိပေါ့။ ဒါပေမယ့် ဒီတစ်ခေါက် ပြသတဲ့ ဒရုန်းကတော့ ကမ္ဘာ့အကြီးဆုံး ဒရုန်းဖြစ်မှာပါ။ လူကိုပါ မတင်၊ ဆွဲတင်နိုင်တဲ့ အစွမ်းရှိပါတယ်။ နယူးယောက်မြို့က Youtuber တစ်ယောက် ဖြစ်သူ ကေစီနင်းစတတ် ဆိုသူကတော့ အဆိုပါ ဒရုန်းကို လိုက်ပါစီးနင်းပြပြီး ဗီဒီယို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒရုန်းဟာ လက်ရှိမှာ လူစိတ်ဝင်စားဆုံး ခံနေရတဲ့ ပစ္စည်းဖြစ်တဲ့အပြင် လုပ်ငန်းကြီးတွေအထိပါ အသုံးဝင်နေပြီ ဖြစ်ပါတယ်။ ယခု ဗီဒီယိုမှာ ပြထားတဲ့ ဒရုန်းကတော့ လက်ရှိမှာ Youtube မှာ ခေတ်စားနေပြီး ကြည့်ရှုသူ ၄ရက်အတွင်းမှာ ၄မီလီယံ ကျော်ရှိနေပြီ ဖြစ်ပါတယ်။