
အမျိုးသမီးများတွင် မိခင်သို့မဟုတ် ညီမများတွင် ရင်သားကင်ဆာရောဂါခံစားရခြင်းမရှိပါက ရင်သားကင်ဆာအတွက် စိုးရိမ်ပူပန်စရာမလိုတော့ဟု ယူဆ၍ မရတော့ပါ။ ရင်သားကင်ဆာ၏ အကြီးမားဆုံး မျိုးရိုးဗီဇခန့်မှန်းချက်များဖြစ်သော BRCAI သို့မဟုတ် BRCA2 မျိုးရိုးဗီဇပြောင်းလဲခြင်းတို့ကို ဖခင်၏ မိသားစုဘက်မှလည်း အမွေဆက်ခံရရှိနိုင်ချေရှိနေပါတယ်။ ဒါကြောင့် မျိုးရိုးဗီဇပြောင်းလဲခြင်းကို အမွေ ဆက်ခံရရှိပါက အသက် ၅ဝမတိုင်ခင် ရင်သားကင်ဆာဖြစ်နှုန်း ၅၀ ရာခိုင်နှုန်းရှိသည့်အတွက် အမျိုးသမီးတို့အနေဖြင့် ၄င်းတို့၏ ဖခင်အား မိသားစုမျိုးရိုးတွင် ရင်သားကင်ဆာဖြစ်သူ ရှိ၊ မရှိ မေးမြန်ထားရန်လိုအပ်နေပြီ ဖြစ်ပါတယ်။
မိသားစုမျိုးရိုးတွင် ရင်သားကင်ဆာခံစားရရှိသော အမျိုးသမီးများအနေဖြင့် လစဉ်တစ်လတစ်ကြိမ် မိမိရင်သားကို ကိုယ်တိုင်စစ်ဆေးကြည့်သင့်ကြောင်း၊ အသက်လေးဆယ်ကျော်ချိန်တွင် တစ်နှစ်တစ်ကြိမ် ရင်သားဓာတ်မှန် Mammogram ရိုက်ကြည့်သင့်ကြောင်းနှင့် ရင်သားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများတွေ့ရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်းလေ့လာသူများက အကြံပေးညွှန်ကြားထားသည်။