
ဒီဇင်ဘာ ၂၁ ရက်နေ့က မက္ကစီကိုနိုင်ငံ Tultepec မြို့တော်မှာ မီးရှူးမီးပန်း စျေးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၉ ယောက်ခန့် သေဆုံးခဲ့ပြီး လူအယောက် ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုမှာ သာမန်မဟုတ်ဘဲ မီးရှူးမီးပန်းရောင်းသည့် စျေးဖြစ်သောကြောင့် မီးတောက်မီးလျံများစွာနဲ့ မီးခိုးလုံးကြီးမားစွာဖြင့် အကြီးအကျယ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ၆ ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးဆဲ အခြေအနေသာ ရှိပြီး ဒီပေါက်ကွဲမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာကိုတော့ မကြာမှီအချိန်အတွင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
Ref : CNN