Home Lifestyle Health အမျိုးသားတွေ မျိုးဆက်ပွားဖို့ ဘာတွေကို ရှောင်ပြီး ဘာတွေကိုဆောင်ရမလဲ

အမျိုးသားတွေ မျိုးဆက်ပွားဖို့ ဘာတွေကို ရှောင်ပြီး ဘာတွေကိုဆောင်ရမလဲ

0
အမျိုးသားတွေ မျိုးဆက်ပွားဖို့ ဘာတွေကို ရှောင်ပြီး ဘာတွေကိုဆောင်ရမလဲ

အိမ်ထောင်ရှင်လို့ဖြစ်လာကြရင် ကိုယ့်ရင်သွေးမျိုးဆက်တွေကို မိသားစုတိုင်းလိုချင်ကြတာသဘာဝပါ။ ရင်သွေးရတနာတွေစုံစုံညီညီနဲ့ ပျော်ရွှင်ခြင်းသုခဟာ မိသားစုဘဝအတွက် တကယ့်ဆုလဒ်ပါပဲ။ ဒီဆုလဒ်နဲ့ပြည့်စုံဖို့ အမျိုးသားတွေရဲ့ သုတ်သွေးကောင်ရေပါဝင်မှု ပမာဏက အင်မတန်အရေးကြီးပါတယ်။ သုတေသနစူးစမ်းလေ့လာမှုတွေအရ သုတ်သွေး တစ်မီလီလီတာမှာ သုတ်ကောင်ရေအရေအတွက် ၁၅ သန်းမက ရှိဖို့လိုပါတယ်။ ဒီအတွက် ရှောင်ရမယ့် အရာတွေကတော့၊

(၁) ကိုကင်းဆေးခြောက်စတဲ့ မူးယစ်ဆေးတွေကိုရှောင်ပါ။

(၂) အရက်အလွန်အကျွံ မသောက်ပါနဲ့။

(၃) ကွန်ပျူတာ အလွန်အကျွံမသုံးပါနဲ့။

(၄) ကြာရှည် အညောင်းမထိုင်ပါနဲ့။

(၅) ဆေးလိပ် မသောက်ပါနဲ့။

(၆) စိတ်သောကမဖြစ်အောင်နေပါ။

(၇) အဝမလွန်ပါစေနဲ့

အမျိုးသားတွေရဲ့ သုတ်ကောင်ရည်တိုးပွားမှုနှင့် ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေတဲ့ နောက်ထပ် အကြောင်းရင်းက နှလုံးသွေးကြောရောဂါ၊ ရောဂါတစ်ခုခုကူးစက်ခံရခြင်း၊ ဝှေးစေ့နှင့် ဆီးကျိတ်ရောင်ခြင်း၊ကင်ဆာ စတဲ့ ရောဂါတစ်မျိုးမျိုးကို ကုသဖို့အတွက် အနောက်တိုင်းဆေးဝါးများ သောက်သုံးရခြင်းဖြစ်ပါတယ်။

ဆောင်ရမယ့်အရာကတော့ လေ့ကျင့်ခန်းနေ့စဉ်မှန်မှန်လုပ်ပြီး အောက်ပါအစားအစာတွေကို စားသုံးပါ။

(၁) ဗီတာမင် E နဲ့ ပရိုတင်းပါတဲ့ ကြက်ဥ။

(၂) ဗီတာမင် အေ၊ဘီ နှင့် ပိုတက်ဆိယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး။

(၃) L-Arginine ပါတဲ့ အနက်ရောင်ချောကလက်

(၄) ဗီတာမင် B6 နဲ့ ဆီလီနီယမ်တို့ပါဝင်တဲ့ ကြက်သွန်ဖြူ

(၅) ဇင့် ဓါတ်ကြွယ်ဝသော ဘာလီ၊ အနီရောင်အသားနှင့်ပဲ

(၆) ဗီတာမင်စီကြွယ်ဝသော ကညွတ်

(၇) ဓါတ်တိုးဆန့်ကျင်ပစည်းပါသော သလဲသီး။

(၈) ဖေါ့လစ်အက်စစ်နဲ့ ဗီတာမင်ဘီ၉ ပါဝင်တဲ့ ပန်းဂေါ်ဖီစိမ်း။

(၉) အိုမီဂါသရီး ဖက်တီးအက်စစ်ပါတဲ့ သစ်ကြားသီး

(၁၀) သံဓါတ်၊ မီးစုန်းဓါတ်၊ဇင့်နှင့် ပိုတက်ဆီယမ်တို့ပါဝင်သော ရွှေဖရုံစေ့။

Zawgyi Font : အမျိုးသားတွေ မျိုးဆက်ပွားဖို့ ဘာတွေကို ရှောင်ပြီး ဘာတွေကိုဆောင်ရမလဲ






(၅) ဆေးလိပ် မသောက်ပါနဲ့။


(၇) အဝမလွန်ပါစေနဲ့













LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: