Home How To သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်ဖို့

သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်ဖို့

0
သင့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်ဖို့
မိတ်ဆွေအပေါင်းအသင်း ရွေးချယ်ခြင်း

သင့်ရဲ့ဘဝမှာ ကျောင်းသားဘဝနဲ့ လုပ်ငန်းခွင်က အပေါင်းအသင်းမိတ်ဆွေက ပိုများမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဘဝမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ဘဝအစိတ်အပိုင်းတွေနဲ့ မတော်တဆ အဖြစ်အပျက်တွေကနေလည်း မိတ်ဆွေကောင်းတွေကိုလည်း ရရှိနိုင်သလို သင့်ရဲ့ စရိုက်လက္ခဏာနဲ့ အမူအကျင့်၊ ၀ါသနာ၊ ကျန်းမာရေး၊ ဘဝရည်ရွယ်ချက်များ လုံခြုံမှုတွေနှင့် ဆက်နွယ်တဲ့ မိတ်ဆွေလို လူမျိုးကိုဘဲ ရွေးချယ်ပေါင်းသင်းလိုကြပါတယ်။ အဲဒီလိုသူတွေကပဲ သင်ရဲ့ ဘဝမှာ အရေးပါတဲ့လူ မိတ်ဆွေ အပေါင်းအသင်း၊ သူငယ်ချင်းဖြစ်လာတာပါပဲ။

သိထားရမှာကတော့ သင့်ဘဝတိုးတက်မြှင့်မားဖို့ သင့်ပတ်ဝန်းကျင်ရဲ့ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက အဓိက အရေးပါကြပါတယ်ဆိုတာပါဘဲ။

သင့်ရဲ့အလုပ်အပေါ် ခံယူချက်

လူတိုင်းကတော့ ကိုယ့်ရဲ့ ခံယူချက်ကိုယ်စီတွေနဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် အနည်းဆုံး အလုပ်တစ်ခုကတော့ လုပ်ကြရတာပါပဲ။ ကိုယ်ပိုင်အလုပ်နဲ့ ဝန်ထမ်းအလုပ် မိမိတို့ အဆင်ပြေရာ အခြေအနေပေါ်မူတည်ပြီး အလုပ်တစ်ခုကို လူတိုင်း နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေရမှာ မလွှဲပါဘူး။

သေချာတာတစ်ခုကတော့ ယေဘူယျအားဖြင့် “သူဌေးတစ်ယောက်က ဘယ်ဝန်ထမ်းကိုမှ သူဌေးဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး” ဒါဟာ ကျွန်တော်တို့ နားလည်ထားရမဲ့ ကိစ္စတစ်ခုပေါ့။ သင်အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုရင် ကိုယ်လုပ်မယ့် အလုပ်နဲ့ပတ်သက်ပြီး သင်ရဲ့ ကျွမ်းကျင်မှု၊ တာဝန်ယူနိုင်မှု စတာတွေကို တိုင်းတာပြီး ပထမ အလုပ်လျှောက်မယ်ပေါ့။

ဒုတိယအချက်ကိုတော့ လူတိုင်းမစဉ်းစားတာ များပါတယ်။ အချို့ကတော့ အထက်က အချက်နှစ်ချက်နဲ့ပြည့်စုံတယ် ပြီးတော့ လစာလည်း ကောင်းမယ်ဆိုရင် အဲ့ဒီလိုလုပ်ငန်းခွင်ကို ရွေးချယ်တတ်ကြပါတယ်။
ဒုတိယ စဉ်းစားရမဲ့အချက်က တစ်ချိန်မှာ ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို ထူထောင်တော့မယ်ဆိုရင် လက်ရှိ ကိုယ်ရဲ့ တက်ကျွမ်းမှု၊ တာဝန်ယူနိုင်မှုရှိတာတွေထဲက အရင်းအနှီးအတိုင်းအတာတစ်ခု ရှိလာတဲ့အချိန် လုပ်ကိုင်နိုင်ဖို့ အဆင်ပြေတဲ့ လုပ်ငန်းခွင်ကို ရွေးချယ်ခြင်းက ပို၍ သင့်တော်မှာပါ။

အရေးကြီးတဲ့အချက်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့ရင် သူဌေးစိတ်မွေးပြီး လုပ်ဖို့ပါပဲ။ ဒါဟာ ငါ့အလုပ် ငါ့ပိုင်တဲ့ လုပ်ငန်းခွင်ပုံစံမျိုးနဲ့ မိမိတာဝန်ယူရတဲ့အပိုင်းမှာ ကိုယ့်အလုပ်ပုံစံ မှတ်ယူပြီး လုပ်ကိုင်သွားဖို့ပါပဲ။ အလုပ်အပေါ်မှာ စေတနာထားပြီး လုပ်ဆောင်ခြင်းတွေက သင့်ရဲ့အရည်အသွေးကို ပိုမိုတောက်ပ လာစေမှာဖြစ်သလို သင့်အတွက် ရွှေရောင်အနာဂတ်လမ်းစ လဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တိုင် လေးစားဖို့လိုပါတယ်။

လုပ်ငန်းတိုင်းအတွက် အရေးအကြီးဆုံးသော Customer Service

ဘယ်လုပ်ငန်းမဆို Customer မရှိဘဲနဲ့ လုပ်ငန်းထူထောင်ထားလို့ မရပါဘူး။ အမြဲတမ်း Customer ဝန်ဆောင်မှုကပါနေမှာပါပဲ။ ဒီတော့ အရေးကြီးတဲ့ Customer Service ဟာ ဘယ်သူမဆို တက်ကျွမ်းဖို့ လိုအပ်ပါတယ်။ Customer Service သင်တန်းတွေ တက်မြောက်ခြင်းကတော့ အချိန်ကုန်သက်သာပြီး အချိန်တိုအတွင်းမှာ သီအိုရီပိုင်းကို ရရှိစေမှာပါ။

ဒါပေမဲ့ သင်ကို အမှန်တကယ် သင်ကြား တက်မြောက်မှု ပိုပြီးရစေတာကတော့ သင်ရဲ့ လုပ်ငန်းခွင်ပါပဲ။ နေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ Customer တွေရဲ့ ဝန်ဆောင်ပေးမှု၊ ထိုဝန်ဆောင်ပေးမှုတွေကနေ ကြုံရမဲ့ ပြဿနာတွေကို ဖြေရှင်းရတာတွေအားလုံးဟာ သင့်ကို ပိုမိုရင့်ကျက်စေပါတယ်။

ခေတ်စနစ်နဲ့ အခြေအနေကို လွတ်မထွက်သင့်ပါဘူး

သင်ရဲ့နိုင်ငံလက်ရှိအခြေအနေ ခေတ်စနစ်ကို မျက်ချည်မပြတ် နားစွင့်လေ့လာသင့်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ အင်တာနက် ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ နည်းပညာ ရဲ့အရေးပါမှုဟာ ခုဆိုရင် အတိုင်းအတာတစ်ခုထိ လုပ်ငန်းတိုင်းမှာ ပါဝင်လာပါပြီ။ ဟိုးယခင်က အခြေအနေနဲ့ အခု အခြေအနေမှာ တိုးတက်ပြောင်းလဲလာမှုမှာ သင်ကိုယ်တိုင်ပါဝင်လာပါလား။ ဒါဟာ အရေးကြီးပါတယ်။ အခုအခြေအနေမှာ လုပ်ငန်းတစ်ခုကို Customer ရှာရာမှာ အင်တာနက် ရဲ့ အသုံးဝင်မှုတွေများလာပါပြီ။

သင်လုပ်ငန်းအတွက် Customer ရှာရာမှာ လိုအပ်တဲ့ Marketing Team က မဖြစ်မနေ လိုအပ်လာမှာပါ။ တစ်လ၊ တစ်လ အသုံးပြုနေတဲ့ Marketing Team အသုံးစရိတ်ထက် ပိုပြီးပေါက်ရောက်စေမဲ့ စနစ်လေးတွေ ကျွန်တော်တို့ နိုင်ငံမှာ ပိုမိုမြှင့်တက်လာပါပြီ။ Online Webpage တွေ Facebook Fan Page တွေကနေ သင်လိုအပ်တဲ့ သင့်ရဲ့ Customer ကို Marketing Team ထက်ပိုပြီး အချိန်ကုန် ငွေကုန်သက်သာပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေမှာပါ။

ပိုမိုပြီး ကောင်းတဲ့အချက်တွေက အချိန်စက္ကန့်ပိုင်းအတွင်း သင်ရဲ့ လုပ်ငန်းကို လူသန်းပေါင်းများစွာရဲ့ မျက်စိရှေ့ကို ပိုဆောင်ပေးနိုင်တယ်ဆိုတာကို ဟိုးအရင်က ပြောခဲ့ရင် ဘယ်သူယုံမှာလည်း။ ခုအခြေအနေမှာ ဒါတွေဟာ တစ်ကယ်ဖြစ်လာပါပြီ။ သင်ဟာ အဆက်မပြတ်လေ့လာနေဖို့ပါပဲ။ ဒါမှ သူများနဲ့မတူတဲ့ ခိုင်မာတဲ့ လုပ်ငန်းတစ်ခုကို သင်ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Zawgyi Font : သင့္ရဲ႕လုပ္ငန္းခြင္မွာ ေအာင္ျမင္ဖို႔

မိတ္ေဆြအေပါင္းအသင္း ေ႐ြးခ်ယ္ျခင္း

သင့္ရဲ႕ဘဝမွာ ေက်ာင္းသားဘဝနဲ႔ လုပ္ငန္းခြင္က အေပါင္းအသင္းမိတ္ေဆြက ပိုမ်ားမယ္လို႔ ထင္ပါတယ္။ ဒါ့အျပင္ ဘဝမွာ ေန႔စဥ္ ႀကဳံေတြ႕ေနရတဲ့ ဘဝအစိတ္အပိုင္းေတြနဲ႔ မေတာ္တဆ အျဖစ္အပ်က္ေတြကေနလည္း မိတ္ေဆြေကာင္းေတြကိုလည္း ရရွိႏိုင္သလို သင့္ရဲ႕ စ႐ိုက္လကၡဏာနဲ႔ အမူအက်င့္၊ ၀ါသနာ၊ က်န္းမာေရး၊ ဘဝရည္႐ြယ္ခ်က္မ်ား လုံၿခဳံမႈေတြႏွင့္ ဆက္ႏြယ္တဲ့ မိတ္ေဆြလို လူမ်ိဳးကိုဘဲ ေ႐ြးခ်ယ္ေပါင္းသင္းလိုၾကပါတယ္။ အဲဒီလိုသူေတြကပဲ သင္ရဲ႕ ဘဝမွာ အေရးပါတဲ့လူ မိတ္ေဆြ အေပါင္းအသင္း၊ သူငယ္ခ်င္းျဖစ္လာတာပါပဲ။

သိထားရမွာကေတာ့ သင့္ဘဝတိုးတက္ျမႇင့္မားဖို႔ သင့္ပတ္ဝန္းက်င္ရဲ႕ မိတ္ေဆြအေပါင္းအသင္း သူငယ္ခ်င္းေတြက အဓိက အေရးပါၾကပါတယ္ဆိုတာပါဘဲ။

သင့္ရဲ႕အလုပ္အေပၚ ခံယူခ်က္

လူတိုင္းကေတာ့ ကိုယ့္ရဲ႕ ခံယူခ်က္ကိုယ္စီေတြနဲ႔ ဘဝရွင္သန္ရပ္တည္ေရးအတြက္ အနည္းဆုံး အလုပ္တစ္ခုကေတာ့ လုပ္ၾကရတာပါပဲ။ ကိုယ္ပိုင္အလုပ္နဲ႔ ဝန္ထမ္းအလုပ္ မိမိတို႔ အဆင္ေျပရာ အေျခအေနေပၚမူတည္ၿပီး အလုပ္တစ္ခုကို လူတိုင္း ေန႔စဥ္နဲ႔အမွ် လုပ္ေဆာင္ေနရမွာ မလႊဲပါဘူး။

ေသခ်ာတာတစ္ခုကေတာ့ ေယဘူယ်အားျဖင့္ “သူေဌးတစ္ေယာက္က ဘယ္ဝန္ထမ္းကိုမွ သူေဌးျဖစ္ေအာင္ မလုပ္ေပးႏိုင္ပါဘူး” ဒါဟာ ကြၽန္ေတာ္တို႔ နားလည္ထားရမဲ့ ကိစၥတစ္ခုေပါ့။ သင္အလုပ္တစ္ခုကို ေ႐ြးခ်ယ္မယ္ဆိုရင္ ကိုယ္လုပ္မယ့္ အလုပ္နဲ႔ပတ္သက္ၿပီး သင္ရဲ႕ ကြၽမ္းက်င္မႈ၊ တာဝန္ယူႏိုင္မႈ စတာေတြကို တိုင္းတာၿပီး ပထမ အလုပ္ေလွ်ာက္မယ္ေပါ့။

ဒုတိယအခ်က္ကိုေတာ့ လူတိုင္းမစဥ္းစားတာ မ်ားပါတယ္။ အခ်ိဳ႕ကေတာ့ အထက္က အခ်က္ႏွစ္ခ်က္နဲ႔ျပည့္စုံတယ္ ၿပီးေတာ့ လစာလည္း ေကာင္းမယ္ဆိုရင္ အဲ့ဒီလိုလုပ္ငန္းခြင္ကို ေ႐ြးခ်ယ္တတ္ၾကပါတယ္။

ဒုတိယ စဥ္းစားရမဲ့အခ်က္က တစ္ခ်ိန္မွာ ကိုယ္ပိုင္ လုပ္ငန္းတစ္ခုကို ထူေထာင္ေတာ့မယ္ဆိုရင္ လက္ရွိ ကိုယ္ရဲ႕ တက္ကြၽမ္းမႈ၊ တာဝန္ယူႏိုင္မႈရွိတာေတြထဲက အရင္းအႏွီးအတိုင္းအတာတစ္ခု ရွိလာတဲ့အခ်ိန္ လုပ္ကိုင္ႏိုင္ဖို႔ အဆင္ေျပတဲ့ လုပ္ငန္းခြင္ကို ေ႐ြးခ်ယ္ျခင္းက ပို၍ သင့္ေတာ္မွာပါ။

အေရးႀကီးတဲ့အခ်က္က ဝန္ထမ္းတစ္ေယာက္ျဖစ္ခဲ့ရင္ သူေဌးစိတ္ေမြးၿပီး လုပ္ဖို႔ပါပဲ။ ဒါဟာ ငါ့အလုပ္ ငါ့ပိုင္တဲ့ လုပ္ငန္းခြင္ပုံစံမ်ိဳးနဲ႔ မိမိတာဝန္ယူရတဲ့အပိုင္းမွာ ကိုယ့္အလုပ္ပုံစံ မွတ္ယူၿပီး လုပ္ကိုင္သြားဖို႔ပါပဲ။ အလုပ္အေပၚမွာ ေစတနာထားၿပီး လုပ္ေဆာင္ျခင္းေတြက သင့္ရဲ႕အရည္အေသြးကို ပိုမိုေတာက္ပ လာေစမွာျဖစ္သလို သင့္အတြက္ ေ႐ႊေရာင္အနာဂတ္လမ္းစ လဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္လုပ္ေနတဲ့အလုပ္ကို ကိုယ္တိုင္ ေလးစားဖို႔လိုပါတယ္။

လုပ္ငန္းတိုင္းအတြက္ အေရးအႀကီးဆုံးေသာ Customer Service

ဘယ္လုပ္ငန္းမဆို Customer မရွိဘဲနဲ႔ လုပ္ငန္းထူေထာင္ထားလို႔ မရပါဘူး။ အၿမဲတမ္း Customer ဝန္ေဆာင္မႈကပါေနမွာပါပဲ။ ဒီေတာ့ အေရးႀကီးတဲ့ Customer Service ဟာ ဘယ္သူမဆို တက္ကြၽမ္းဖို႔ လိုအပ္ပါတယ္။ Customer Service သင္တန္းေတြ တက္ေျမာက္ျခင္းကေတာ့ အခ်ိန္ကုန္သက္သာၿပီး အခ်ိန္တိုအတြင္းမွာ သီအိုရီပိုင္းကို ရရွိေစမွာပါ။

ဒါေပမဲ့ သင္ကို အမွန္တကယ္ သင္ၾကား တက္ေျမာက္မႈ ပိုၿပီးရေစတာကေတာ့ သင္ရဲ႕ လုပ္ငန္းခြင္ပါပဲ။ ေန႔စဥ္နဲ႔အမွ်ႀကဳံေတြ႕ရတဲ့ Customer ေတြရဲ႕ ဝန္ေဆာင္ေပးမႈ၊ ထိုဝန္ေဆာင္ေပးမႈေတြကေန ႀကဳံရမဲ့ ျပႆနာေတြကို ေျဖရွင္းရတာေတြအားလုံးဟာ သင့္ကို ပိုမိုရင့္က်က္ေစပါတယ္။

ေခတ္စနစ္နဲ႔ အေျခအေနကို လြတ္မထြက္သင့္ပါဘူး

သင္ရဲ႕ႏိုင္ငံလက္ရွိအေျခအေန ေခတ္စနစ္ကို မ်က္ခ်ည္မျပတ္ နားစြင့္ေလ့လာသင့္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာ ႏိုင္ငံရဲ႕ အင္တာနက္ ဖြံ႕ၿဖိဳးတိုးတက္လာတဲ့အခါ နည္းပညာ ရဲ႕အေရးပါမႈဟာ ခုဆိုရင္ အတိုင္းအတာတစ္ခုထိ လုပ္ငန္းတိုင္းမွာ ပါဝင္လာပါၿပီ။ ဟိုးယခင္က အေျခအေနနဲ႔ အခု အေျခအေနမွာ တိုးတက္ေျပာင္းလဲလာမႈမွာ သင္ကိုယ္တိုင္ပါဝင္လာပါလား။ ဒါဟာ အေရးႀကီးပါတယ္။ အခုအေျခအေနမွာ လုပ္ငန္းတစ္ခုကို Customer ရွာရာမွာ အင္တာနက္ ရဲ႕ အသုံးဝင္မႈေတြမ်ားလာပါၿပီ။

သင္လုပ္ငန္းအတြက္ Customer ရွာရာမွာ လိုအပ္တဲ့ Marketing Team က မျဖစ္မေန လိုအပ္လာမွာပါ။ တစ္လ၊ တစ္လ အသုံးျပဳေနတဲ့ Marketing Team အသုံးစရိတ္ထက္ ပိုၿပီးေပါက္ေရာက္ေစမဲ့ စနစ္ေလးေတြ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ပိုမိုျမႇင့္တက္လာပါၿပီ။ Online Webpage ေတြ Facebook Fan Page ေတြကေန သင္လိုအပ္တဲ့ သင့္ရဲ႕ Customer ကို Marketing Team ထက္ပိုၿပီး အခ်ိန္ကုန္ ေငြကုန္သက္သာၿပီး ပိုမိုေကာင္းမြန္တဲ့ ရလဒ္ကို ရရွိေစမွာပါ။

ပိုမိုၿပီး ေကာင္းတဲ့အခ်က္ေတြက အခ်ိန္စကၠန႔္ပိုင္းအတြင္း သင္ရဲ႕ လုပ္ငန္းကို လူသန္းေပါင္းမ်ားစြာရဲ႕ မ်က္စိေရွ႕ကို ပိုေဆာင္ေပးႏိုင္တယ္ဆိုတာကို ဟိုးအရင္က ေျပာခဲ့ရင္ ဘယ္သူယုံမွာလည္း။ ခုအေျခအေနမွာ ဒါေတြဟာ တစ္ကယ္ျဖစ္လာပါၿပီ။ သင္ဟာ အဆက္မျပတ္ေလ့လာေနဖို႔ပါပဲ။ ဒါမွ သူမ်ားနဲ႔မတူတဲ့ ခိုင္မာတဲ့ လုပ္ငန္းတစ္ခုကို သင္ပိုင္ဆိုင္မွာ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: