Home News Facebook မှ Live Audio Feature ကို စတင်မိတ်ဆက်

Facebook မှ Live Audio Feature ကို စတင်မိတ်ဆက်

0
Facebook မှ Live Audio Feature ကို စတင်မိတ်ဆက်

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Facebook ကနေ 360 live video feature ကို မိတ်ဆက်ပြီးနောက်မှ ယခုကတော့ live audio feature ကို မိတ်ဆက်လိုက် ပြန်ပါပြီ။ Live audio ဆိုတော့ အသံသီးသန့်ကိုဘဲ live လွှင့်နိုင်မှာ ဖြစ်ပါတယ်။ ရုပ်မပါဘဲ အသံသီးသန့် live လွှင့်ချင် သူတွေ အတွက်တော့ အဆင်ပြေမှာပါ။ ကျနော်တို့ ငယ်ငယ်တုန်းက ရေဒီယိုနားထောင်သလိုပါဘဲ။ အရသာတစ်မျိုးတစ်ဖုံကို ခံစားရစေ မှာပါ။
ဒါ့အပြင် audio mode သီးသန့်ဖြစ်တဲ့အတွက် အင်တာနက်ကုန်ကျစရိတ်ကိုလည်း သက်သာစေမှာ ဖြစ်သလို သင့်အတွက်လည်း အန္တရာယ် ကင်းပါတယ်။ Live video ကတော့ သင့်ရဲ့မျက်နှာအပါအဝင် ပတ်ဝန်းကျင်အားလုံးပါ ဘယ်ရောက်နေလဲ ဘာလုပ်နေလဲဆိုတာ ကို လူတိုင်းတွေ့ရှိနိုင်တဲ့အတွက် သင့်ကို နောက်ယောက်ခံလိုက်ချင်ရင် အလွယ်လေးဖြစ်ပါတယ်။ လက်ရှိမှာ တော့ Live audio ကို လူတိုင်းသုံးခွင့်ရအုံးမှာ မဟုတ်ပါဘူး။ BBC World Service, LBC, Harper Collins, နဲ့ Facaebook မှ တရားဝင်ခွင့်ပြူထားတဲ့ စာရေးဆရာအချို့သာ အသုံးပြုခွင့်ရအုံးမှာ ဖြစ်ပါတယ်။ လူတိုင်းသုံးခွင့်ရဖို့ကတော့ အချိန်ကာလတစ်ခု စောင့်ရပါ အုံးမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: