Home How To ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ဖိစီးမှုကို မိဘတွေအနေနဲ့ဘယ်လိုကုစားမလဲ

ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ဖိစီးမှုကို မိဘတွေအနေနဲ့ဘယ်လိုကုစားမလဲ

0
ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ဖိစီးမှုကို မိဘတွေအနေနဲ့ဘယ်လိုကုစားမလဲ

လူသားတို့ရဲ့ ခန္ဓာကိုယ်ဟာ ဘဝမှာ ကြုံတွေ့ရတဲ့ လောကဓံတရားအနိမ့်အမြင့်တွေကို တုံ့ပြန်တဲ့အခါ စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုက တကယ်တော့ ကောင်းတဲ့အရာပါ။ နည်းမှန်လမ်းမှန်နဲ့ ရင်ဆိုင်တတ်ရင်ပေါ့လေ။ အကြောင်းရင်းကတော့ လူသားတွေရဲ့ ဘဝတွေကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်လို့ပါပဲ။ စိတ်ဖိစီးမှုကြောင့် စာတွေကျက် မှတ်လေ့လာကြတယ်။ အလုပ်တွေ ကြိုးစားကြတယ်။  အောင်မြင်မှုတွေရရှိကြပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုကို ထိန်းပေးတတ်မှ ရမှာပါ။ စိတ်ဖိစီးမှုကို မထိန်းသိမ်းတတ်ရင် စိတ်ဓာတ်ကျကြတယ်။ လမ်းလွှဲလိုက်ကြတယ်။ အရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေက စိတ်ဖိစီးမှုဒဏ်ကို ပိုပြီး ခံစားရတတ်ပါတယ်။ သူတို့အနေနဲ့ ကြီးမာတဲ့ စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိလောက်အောင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ မဖွံ့ဖြိုးသေးပါဘူး။ သူတို့အနေနဲ့ အောက်ပါအကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။

ကျောင်းစာများနှင့် အောင်မြင်မှုအတွက် ဖိအားများ

ဘယ်ကောလိပ်ကိုတက်ရမလဲ၊ ဘဝတက်လမ်းအတွက် ဘယ်လိုင်ကို ရွေးချယ်သင့်လဲဆိုတဲ့ ဆုံးဖြတ်ချက်၊

ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းဆိုင်ရာ သိမ်ငယ်မှု၊

အရက်၊ ဆေးလိပ်၊ လိင်အပျော်အပါး စတဲ့ ဘေးပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှု၊

တခြားသူငယ်ချင်းများနှင့် ယှဉ်ပြိုင်မှု၊

ဝက်ခြံပေါက်ခြင်း၊ အရပ်ရှည်ခြင်း စတဲ့ ပြောင်းလဲမှုများ၊

သူငယ်ချင်းများကဲ့သို့ ငွေကြေးပေါပေါများများ မသုံးစွဲနိုင်ခြင်း၊

မိသားစုအတွင်းအခက်အခဲများရှိခြင်း

ဒီအကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှုခံစားရတဲ့အခါ ထိန်းသိမ်းဖြေရှင်းနိုင်ဖို့ မလွယ်တတ်ပါဘူး။ ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းရာမှာ ကူညီနိုင်အောင် မိဘနဲ့ အုပ်ထိန်းသူတွေဟာ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

၁။ နေ့စဉ်အနားယူချိန်ထားပေးပါ။

ဆယ်ကျော်သက်တွေကို ဘယ်လိုအနားယူအပန်းဖြေသင့်တယ်ဆိုတာကို သင်ကြားပေးပါ။ အသက်ပြင်းပြင်းရှူသွင်းတာက စာမေးပွဲတွေနဲ့ နပန်းလုံးနေရချိန်မှာ စိတ်သက်သာရာရစေတဲ့ အပန်းဖြေနည်းတစ်ခုပဲ ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကို ငါးမိနစ်ကြာ ပြုလုပ်ပေးပါ။

၂။ လေ့ကျင့်ခန်း လုပ်ခိုင်းပါ။

နေ့တိုင်းနေတိုင်း လေ့ကျင့်ခန်းပြုလုပ်တဲ့နည်းဟာ ဆယ်ကျော်သက်လူငယ်တွေအတွက် အင်မတန်ကောင်းမွန်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့အပြင် စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိလောက်အောင် စိတ်ဓာတ်ခွန်အားပြည့်ဝစေပါတယ်။

၃။ ချစ်ခြင်းမေတ္တာပေးပါ။

မိဘက ချစ်တယ်ဆိုတာကို သိထားတဲ့ ဆယ်ကျော်သက်လူငယ်တွေကို စိတ်ဖိစီးစရာအခြေအနေတွေနဲ့ တွေ့ကြုံလာရင် ပိုမိုထိန်းချုပ်နိုင်တတ်ပါတယ်။ မိဘတွေအနေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို ချစ်ကြောင်းပြသပြီး ပံ့ပိုးကူညီမှုပေးပါ။ ခက်ခဲပင်ပန်းနေချိန်မှာ မိဘတွေကို ဖွင့်ဟပြောပြခိုင်းပြီး သင့်တော်တဲ့ အကြံဉာဏ်ကောင်းတွေကို ပေးအပ်ပါ။

၄။ အောင်မြင်မှုအတွက် ဂုဏ်ယူပေးပါ။

ဆယ်ကျော်သက် လူငယ်တွေအနေနဲ့ စိတ်ဖိစီးမှုခံစားရကာ စိတ်ဓာတ်ကျနေချိန်မှာ အရင်တုန်းက သူရရှိခဲ့တဲ့ အောင်မြင်မှုနဲ့ ကြိုးပမ်းခဲ့တဲ့ စွမ်းဆောင်မှုတွေကို ပြောပြပေးပါ။ အခက်အခဲ ဘယ်လောက်ပဲကြုံကြုံ ရင်ဆိုင်ကျော်လွှားနိုင်ပါက နောက်ဆုံးမှာ အောင်မြင်မှုရရှိတာကြောင့် သူ့အတွက် မိဘတွေက ဂုဏ်ယူရတဲ့အကြောင်းကို ပြောပေးပါ။

၅။ ပန်းတိုင်ထားရှိပါစေ။

ဆယ်ကျော်သက်လူငယ်တွေကို ရည်မှန်းချက် ပန်းတိုင်ထားရှိစေကာ ထိုပန်းတိုင်အတွက် မျက်ခြေမပြတ်ကြည့်ဖို့ တွန်းအားပေးပါ။ အိမ်စာလုပ်ရမှာတွေ များနေရင်လည်း ဖြေးဖြေးချင်း ဖြေရှင်းတတ်တဲ့ အကျင့်ရှိစေဖို့ ပြုစုပျိုးထောင်ပေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: