
ဒီဇင်ဘာ ၁၉ ရက် တူရကီနိုင်ငံ၏ အနုပညာပြခန်းတစ်ခုတွင် ရုရှားသံအမတ်ကြီး အန်ဒရီ ကာလော့ဗ် ကို လူတစ်ဦးမှ နောက်ကွယ်ကနေ ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သေနတ်သမားဟာ ရုရှားသံအမတ်အား ပစ်ခတ်ပြီးနောက် ” အလက်ပို နဲ့ ဆီးရီးယား ကို မမေ့ကြနဲ့ ” ဟူ၍ အော်ဟစ်နေခဲ့သေးသည်။ လူမြင်ကွင်းမှာ ဖြစ်တဲ့အတွက် ဖြစ်စဉ်အားလုံးကို ဗီဒီယိုအနေနဲ့ မှတ်တမ်း တင်လိုက်နိုင်ပါတယ်။ သေနတ်ဒဏ်ရာ ကြောင့် သံအမတ်ကြီး အန်ဒရီ ကာလော့ဗ် ကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာပြင်းထန် သဖြင့် သေဆုံးသွားခဲ့သည်။
အဆိုပါ သေနတ်သမားကိုလည်း ရဲတပ်ဖွဲ့မှ အသေပစ်ခတ်ဖမ်းဆီးခဲ့ရသဖြင့် လက်ရှိအခြေအနေတွင် သဲလွန်စရဖွယ်ရာ မတွေ့သေးချေ။ တူရီကီ နှင့် ရုရှားနှစ်နိုင်ငံကြား ဆက်သွယ်မှုကို ကြားဖျက်လိုမှုဖြင့် ဤကဲ့သို့ အကြမ်းဖက်သည် ဟု လက်ရှိတွင် မှတ်ချက်ချလျက်ရှိပြီး ရုရှား သမ္မတ ပူတင် ကမူ ISIS များကို အပြီးပြတ် ချေမှုန်းသွားမည်ဟု ပြောကြားခဲ့သည်။ အောက်ပါ Video ကတော့ ဖြစ်ရပ်အားလုံးကို မှတ်တမ်းတင်လိုက်နို်င်တဲ့ video ဘဲ ဖြစ်ပါတယ်။