Home Lifestyle Health သင်မသိသေးတဲ့ ဆေးလိပ်အတွင်းမှာ နေထိုင်နိုင်တဲ့ ရောဂါပိုးများ

သင်မသိသေးတဲ့ ဆေးလိပ်အတွင်းမှာ နေထိုင်နိုင်တဲ့ ရောဂါပိုးများ

0
သင်မသိသေးတဲ့ ဆေးလိပ်အတွင်းမှာ နေထိုင်နိုင်တဲ့ ရောဂါပိုးများ

ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းသိထားကြပေမယ့် ဆေးလိပ်အတွင်းမှာ ကပ်ညိပါဝင်နိုင်တဲ့ ရောဂါပိုးတွေကိုကျတော့ လူသိနည်းပါတယ်။ ဒါ့အပြင် ဒီရောဂါပိုးတွေဟာ ဆေးလိပ်မီးထဲမှာ မသေနိုင်ကြသလို အငွေနဲ့အတူလဲ ပတ်ဝန်းကျင်ကိုလည်း ကူးစက်နိုင်စွမ်းရှိကြပါတယ်။ စိုစွတ်နေတဲ့ ဆေးလိပ်တွေမှာ ပိုအဖြစ်များနိုင်သလို ဆေးလိပ်ကို ထည့်သွင်းသိမ်းဆည်းထားတဲ့ နေရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ ရောဂါပိုးတွေကတော့ ဆေးလိပ် အတွင်းမှာ တွယ်ညိနေထိုင်နို်င်တဲ့ ဘတ်တီးရီးယားတွေရဲ့ အကြောင်းဖြစ်ပါတယ်။

၁။ သွေးနဲ့ အဆုတ်ကို ကူးစက်ရောဂါဝင်စေတတ်တဲ့ ပိုး Aninetobacter

၂။ အစာအဆိပ်သင့်ခြင်းနဲ့ ဒေါင့်သန်းရောဂါဖြစ်စေတတ်တဲ့ ပိုး Bacillus

၃။ အသက်ရှူလမ်းကြောင်းကို ကူးစက်တတ်သောပိုး Burkholderia

၄။ အစာအဆိပ်သင့်ပြီး ဖျားနာခြင်း၊ အဆုတ်အတွင်းသို့ ဝင်လာနိုင်သော ပိုး Clostridium

၅။ အဆုတ်၊ သွေးနှင့် တခြားကူစက်ရောဂါတို့နဲ့ ဆက်စပ်နေသောပိုး Klebsiella

၆။ ဆေးရုံတွေမှ တစ်ဆင့် ကူးစက်တတ်တဲ့ ပိုး Pseudomonas aeruginosaတို့ ပါဝင်တတ်ပါတယ်။

ဆေးလိပ်နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်တိုင်းမှာ သူတို့ဟာ ရှင်သန်နေပါတယ်၊ ကိုယ်တိုင်ဆေးလိပ်သောက်တဲ့သူရော၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတဲ့ အနီးက လူတွေပါ လတ်တလောရောဂါတွေကို ဖြစ်စေသလို နာတာရှည်ဖျားနာရောဂါတွေကိုပါ ခံစားရစေပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ ဒီကောင်တွေ ဘယ်လိုရှင်သန်လာသလဲ။ ဆေးလိပ်ငွေ့ကနေတစ်ဆင့် အဆုတ်ထဲကို ဘယ်လိုရောက်လာသလဲဆိုတဲ့အချက်ကို ဆက်လက်ရှာဖွေနေတုန်းပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: