Home Lifestyle Fitness အစာလျော့စားတတ်တဲ့ မိန်းကလေးတွေ သတိထားဖို့

အစာလျော့စားတတ်တဲ့ မိန်းကလေးတွေ သတိထားဖို့

0
အစာလျော့စားတတ်တဲ့ မိန်းကလေးတွေ သတိထားဖို့

ဒီပိုစ့်က မိန်းကလေးတွေ အတွက်ဆိုရင် ပိုမှန်ပါမှာ။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတွေမှာ အများအားဖြင့် အစာလျော့စား တဲ့အကျင့်ကို သီးသန့်လုပ်ယူတာမျိုး အရမ်းရှားပါတယ်။ မိန်းကလေးအတော်များများကတော့ ဝမှာကြောက်တယ်။ ကျစ်လစ်ကျော့ရှင်း တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတာကြောင့် အစာလျော့စားတာမျိုး လုပ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ နည်းလမ်းအမှန်မဟုတ်ပါဘူး။ ကျစ်လစ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်ဆိုတာ ညှောင်နာနာခန္ဓာကိုယ်ကိုပြောတာမဟုတ်ပါဘူး။ မိန်းကလေးအတော်များများက ကြားဖူးနားဝ ရှိရုံနဲ့ အစာလျော့စားလိုက်ရင် ပိန်သွားမယ်ထင်နေကြပါတယ်။ လက်တွေ့မှာ ရောဂါဝေဒနာတွေကိုပါ ဖန်တီးပြီးသား ဖြစ်သွားတာကို သူတို့ကိုယ်တိုင် ချက်ချင်းသိလိုက်မှာမဟုတ်ပါဘူး။

အစာလျော့စားမှုလွန်ကဲခြင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ဒီနေ့ခေတ်မှာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စ မိန်းကလေးအများစုဟာ ပိန်သွယ်လိုတာကြောင့် အစားအသောက်ကို အလွန်အမင်းလျော့စားတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ဆယ်ကျော်သက် သမီးငယ်အစားလျော့လွန်ရာက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိရအောင် သတိထားနိုင်ဖို့က အစားလျော့နေတဲ့ လက္ခဏာတွေကို သိထားရပါမယ်။

အဝတ်အစား

အစားလျော့နေတဲ့ မိန်းကလေးတွေက ပွယောင်းတဲ့ အဝတ်အစားတွေကို ဝတ်ထားလေ့ရှိပါတယ်။ ပွယောင်းတဲ့ အဝတ်အစားကို ဝတ်ထားရင် သူတို့ အစားလျော့စားကာ ပိန်နေမှန် မသိလောက်ဘူးလို့ ယူဆကြသလို သူတို့ ကိုယ်တိုင်ကလည်း ပွယောင်းတဲ့ ဝတ်စုံနဲ့ ကြည့်ကောင်းတယ်လို့လည်း ထင်မြင်တတ်ကြလို့ပါ။

တစ်ယောက်တည်း စားလေ့ရှိခြင်း

သူတို့ အစားလျော့စားတာကို ရိပ်မိမှာ စိုးတဲ့အတွက် မိသားစုဝင်တွေနဲ့အတူ မစားတော့ပဲ ဗိုက်မဆာသေးဘူး၊ ပြီးမှ စားမယ် စသဖြင့် ဆင်ခြေပေးတတ်ကြပါတယ်။

စိတ်ဝင်စားမှု ကင်းမဲ့ခြင်း

အစားလျော့နေတဲ့အချိန်မှာ စွမ်းအင်နည်းနေတာကြောင့် ရှော့ပင်းထွက်ခြင်း၊ လမ်းလျောက်ခြင်း၊ လျှောက်လည်ခြင်း စတဲ့ ကိစ္စတွေမှာ စိတ်ပါဝင်စားမှုမရှိတတ်ကြပါဘူး။

အကြိုက်ပြောင်းလဲလာခြင်း

သူအရင်က အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ဟင်းလျာတွေကိုတောင် မစားတော့ပဲ နေတတ်တာမျိုးပါ။ မိသားစုဝင်တွေ ညစာအတူစားနေတဲ့အချိန်တွေမှာ သူ့အနေနဲ့ အစားအသောက်ကို အရင်လိုအားရပါးရမစားတော့တာမျိုးတွေ ဖြစ်လာတာပါ။

ဝမ်းနှုတ်ဆေး သောက်ထားခြင်း

စားထားတဲ့ အစားအသောက်ကို ပြန်ထုတ်တဲ့အနေနဲ့ နေတိုင်းဝမ်းနှုတ်ဆေးသောက်တာမျိုး၊ ဒါမှမဟုတ် စားပြီးတာနဲ့ ရေချိုးခန်းထဲကို ဝင်ပြီး ပါးစပ်ထဲ လက်ထိုးထည့်ပြီး ပြန်အန်ထုတ်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။

ဗိုက်အောင့်ခြင်းနဲ့ ခံစားရလွယ်ခြင်း

အစားလျော့နေတဲ့ မိန်ကလေးတွေဟာ မကြာခဏ ဗိုက်အောင့်တာ၊ ငိုလွယ်တာ၊ စိတ်ဓာတ်ကျတာ စတဲ့ ပြဿနာတွေကို ခံစားရတတ်ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: